Powered by Blogger.

ဘဏ်ကို ဘူဒိုဇာနဲ့ ထိုးပြီး AMT စက်ကို ကားထဲ ထည့်ခိုးသွားမှု ဒိန်းမတ်နိုင်ငံမှာ ဖြစ်ပွား




ဒိန်းမတ်နိုင်ငံက သူခိုးတွေဟာ ATM စက်ထဲက ပိုက်ဆံတွေကို ရဖို့ အတွက် ဘဏ်ကြီးတစ်ခုလုံးကို ပျက်စီးလုနီးပါး လုပ်ပစ်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ဒိန်းမတ်နိုင်ငံအလယ်ပိုင်းက Ringe မြို့ မှာဖြစ်သွားခဲ့တာဖြစ်ပြီး သူခိုးတွေရဲ့ အတင့်ရဲ ခိုးယူမှုကို လမ်းထဲက ခရစ်စမတ်ပါတီဆင်နွှဲနေသူက ဗီဒီယိုမှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါဗီဒီယိုမှတ်တမ်းမှာ သူခိုးအဖွဲ့ တစ်ဖွဲ့ ဟာ ဘဏ်အရှေ့ ကနံရံကြီးတစ်ခုလုံးကို ဘူဒိုဇာနဲ့ ထိုးချကာ ATM စက်ကို ဘူဒိုဇာဂေါ်နဲ့ ဆွဲထုတ်ပြီး စတေရှင်ဝက်ဂွန်ကားတစ်စီးပေါ် တင်မောင်းယူသွားခဲ့တာကို တွေ့ မြင်ရပါတယ်။

အာဏာပိုင်တွေရဲ့ပြောကြားချက်အရ သူခိုးတွေဖျက်ဆီးသွားတဲ့အဆောက်အဦးဟာ အကြီးအကျယ်ပျက်စီး သွားတာကြောင့် ဘဏ်အပေါ်ထပ် တိုက်ခန်းကလူတွေကို ရွှေ့ ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

ဘဏ်လုံခြုံရေးပြောရေးဆိုခွင့်ရှိသူတစ်ဦးက နေ့ စဉ်သတင်းစာ Ekstra Bladet ကို အခုလို ပြောပြပါတယ်။

“ အဆောက်အဦး ဘယ်လောက်တောင်ပျက်စီးသွားလဲဆိုတာ အဖြေရှာမပြီးခင်အထိ၊ လူဆယ့်တစ်ယောက်ကို နေရာရွှေ့ ပြောင်းပေးခဲ့ရပါတယ်။ သူတို့ တွေ ဟိုတယ် ဒါမှမဟုတ် အမျိုးတွေဆီမှာ ခဏတော့ နေရပါလိမ့်မယ်”

ယခုအတင့်ရဲဖောက်ထွင်းမှုကို ဗီဒီယိုရိုက်ကူးနိုင်ခဲ့တဲ့ မျက်မြင်သက်သေ Jack Khye ဆိုသူက ဘူဒိုဇာက နောက်ပြန်ဆုတ်မောင်းလာတာကြောင့် ဘဏ်ရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ပါတီလုပ်နေတဲ့ ကော်ဖီဆိုင်ထဲကနေ သူနဲ့ သူငယ်ချင်းနှစ်ယောက် ပြေးခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

“ မှန်ကွဲစတွေနဲ့ ကွန်ကရစ်အကျိုးအပဲ့တွေကနေ လွတ်အောင်လို့ မီတာတော်တော်ဝေးဝေးကို ခုန်ရှောင်ခဲ့ရ ပါတယ်။ ဘူဒိုဇာက ရှေ့ တိုးနောက်ဆုတ် သုံးကြိမ်လောက် လုပ်ခဲ့တယ်” လို့ သူက ပြောပြပါတယ်။

မြို့ နယ်ရဲတပ်ဖွဲ့ ရဲ့အဆိုအရတော့ ယခုအခါ သံသယဖြစ်ဖွယ်နှစ်ယောက်ကို အချုပ်ထဲထည့်ထားနိုင်ပြီလို့  သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment