Powered by Blogger.

လေဆင်နှာမောင်းအတွင်း ၀င်ရောက် ကခုန်ခဲ့ကြသူများ




သြစတြေးလျနိုင်ငံ ရဲ့ ဂီတ ပွဲတော်တစ်ခုအတွင်းက ထွက်ပေါ်လာတဲ့ ဗီဒီယိုမှာတော့ ပျော်ပွဲရွှင်ပွဲလာရောက်သူတွေဟာ ကြီးမားပြီး လျင်မြန်တဲ့ လေဆင်နှာမောင်း အတွင်း ၀င်ရောက်ပြီး ကခုန်ခဲ့ကြတာကို တွေ့ရပါတယ်။

အမှန်တစ်ကယ်ကတော့ ထိုအချိန်ကာလဟာ သြစတြေးလျနိုင်ငံရဲ့ ရှေးအကျဆုံးနဲ့ Outdoor အပြင်ဘက် ကခုန်တဲ့ ပါတီ ဖြစ်တဲ့ Doofnado ကပွဲကို ဆင်နွှဲနေကြတဲ့အချိန်ပါ။ အဲဒီအချိန်မှာမှ သဲ လေဆင်နှာမောင်း က ထိုကပွဲကျင်းပရာနေရာမှာ ဖြစ်ပေါ်ခဲ့တာကြောင့် ကပွဲ ဆင်နွှဲနေသူတွေဟာ လေဆင်နှာမောင်းရှိရာ ပြေးလာကြပြီး လေဆင်နှာမောင်းထဲ ၀င်ရောက်ကခုန်ခဲ့ကြတာဖြစ်ပါတယ်။

ထို ဗီဒီယိုကိုတော့ ကနေဒါလူမျိုးတစ်ယောက်ဖြစ်တဲ့ Olivier Bonenfant က ရိုက်ကူးထားတာဖြစ်ပြီး ထိုပွဲတော်ကျင်းပတဲ့နေရာကတော့ Pyalong မြို့မှာ ဖြစ်ပြီး YouTube မှာ ထိုဗီဒီယို ကို တင်ထားခဲ့တာဖြစ်ပါတယ်။ ထိုဗီဒီယိုထဲမှာတော့ သြစတြေးလျ နိုင်ငံ ရဲ့ "Willy Willy" လို့ နာမည်ကြီးတဲ့ လေဆင်နှာမောင်းထဲကို ကပွဲလာရောက်သူတွေက ၀င်ရောက် ကခုန်နေတာ တွေကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

"ဒါကိုကြည့်ရတာ တော်တော်ပျော်ဖို့ကောင်းပါတယ်။ ငါသာ ဗီဒီယို ရိုက်ကူးနေတာ မဟုတ်ဘူးဆိုရင် ငါလည်း လေဆင်နှာမောင်းထဲ ၀င်ကမှာပါ" လို့ ဗီဒီယို ရိုက်ကူးထားသူ Bonenfant က BBC သတင်းဌာနကို ပြောပြထားပါတယ်။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi




Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment