Powered by Blogger.

ဘရာဇီးလ်နိုင်ငံမှာ အင်တာနက်ပေါ်က ဘာသာရေးခွဲခြားတဲ့ ကွန်မန့် တွေကို ဆိုင်းဘုတ်ထောင်ပြသ




ဘရာဇီးလ် နိုင်ငံက တက်ကြွလှုပ်ရှားသူ အဖွဲ့တစ်ဖွဲ့ဟာ လူမှုကွန်ရက်မှာ ဘာသာရေးခွဲခြားတဲ့နောက်ပြောင်မှု တွေပါဝင်တဲ့ ကွန်မန့်တွေ ရေးသားခဲ့သူတွေကို သူတို့ရဲ့ အိမ်တွေနားမှာ သူတို့ရေးခဲ့တဲ့ ကွန်မန့်တွေကို ဆိုင်းဘုတ်ထောင် ပြသစေခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

ဘရာဇီးလ်နိုင်ငံက တက်ကြွ လူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Criola ဟာ "Virtual Racism,Real Consequences" လို့ အမည်ပေးထားတဲ့ ဘာသာရေးခွဲခြားမှု ဆန့်ကျင် အသိပေးရေး လှုပ်ရှားမှု တစ်ခုကို ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။

"ကျွန်တော်တို့ ကွန်မန့်ရေးသားသူတွေရဲ့ နာမည်တွေနဲ့ မျက်နှာတွေကို ဖုံးကွယ်ပေးထားပါတယ်။ ကျွန်တော်တို့ဖြစ်စေချင်ခဲ့တာက ဘာသာရေးခွဲခြားမှုနဲ့ ပတ်သက်ပြီး သတိပေးကာ ဆွေးနွေးမှု တစ်ခုကို စတင်စေခြင်တာပါ။ ဒါဟာလည်း လူတွေအနေနဲ့ အင်တာနက်မှာ ဒီလို ကွန်မန့်တွေ ရေးသားခြင်းနဲ့ ပတ်သက်ပြီး စဉ်းစားတတ်လာအောင်ပါ။ ဘာကြောင့်လဲဆိုတော့ ဘာသာရေးခွဲခြားခြင်းရဲ့ အဆိုးဆုံး ရန်သူကတော့ တိတ်တိတ် နေခြင်းပါပဲ" လို့ ထိုလူမှု အဖွဲ့ရဲ့ ၀က်ဘ်ဆိုက်မှာ ရေးသားဖော်ပြထားပါတယ်။

ထို လူမှုအဖွဲ့ကိုစတင်တည်ထောင်ခဲ့သူတွေဟာ များသောအားဖြင့် ဆံပင်ပွပွ ဘရာဇီးလ်လူမျိုး အမျိုးသမီးတွေဖြစ်ကြပြီး ဘရာဇီးလ် မိုးလေ၀သ အစီအစဉ်တင်ဆက်သူ Presenter တစ်ယောက်ဟာ သူမရဲ့ သတင်းဌာနက သူမရဲ့ ဓါတ်ပုံကို Facebook မှာ တင်ခဲ့အပြီး မကောင်းတဲ့ ကွန်မန့် တွေအပေးခံခဲ့ရပြီးတဲ့နောက်မှာ ဖွဲ့စည်းလှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။

ထို လူမှု အဖွဲ့အစည်းရဲ့ စီမံကိန်း ဆောင်ရွက်သူ နဲ့ တည်ထောင်သူတ်စယောက်ဖြစ်တဲ့ Jurema Werneck က BBC သတင်းဌာနကို ပြောပြခဲ့တာကတော့ ထို လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ဟာ ဘာသာရေးခွဲခြားတဲ့ ထင်မြင်ချက်တွေရေးသားသူတွေကို မီးမောင်းထိုးပြချင်တာဖြစ်ပြီး အဲဒီလို အမုန်းပွားတဲ့ ကွန်မန့်တွေရဲ့ အန္တရာယ်ကို သိစေချင်တာပဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment