ဖလော်ရီဒါမှာ ၉ပေ အရှည်ရှိတဲ့ အန်ဒါဂွန်ဒါမြွေကြီးတစ်ကောင် ဖမ်းဆီးရရှိ
ဗုဒ္ဓဟူးနေ့က Brevard County က မြစ်ဘေးမှာ ၉ပေ အရှည်ရှိတဲ့ အန်ဒါဂွန်ဒါမြွေကြီးတစ်ကောင်ကို ဖမ်းဆီးရရှိခဲ့ပါသတဲ့။
အန္တရာယ်များပြီး ကြီးမားရှည်လျားတဲ့ မြွေအမျိုးစားဖြစ်ပြီး Florida ဒေသခံ မျိုးစိတ်မဟုတ်ဘူးလို့ Florida Fish and Wildlife Conservation Committee ရဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။
FWC website အဆိုအရ ဒီမျိုးနွယ်ဝင်မြွေတွေဟာ Florida က လူတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။
၂၀၁၀ ခုနှစ်ကစပြီး ဒီလို အန်ဒါဂွန်ဒါမြွေကြီးတွေကို မွေးမြူထားတာဟာ တရားမ၀င်ဘူးလို့ ထုတ်ပြန်ကြေညာထားတာဖြစ်ပါသတဲ့။
( Michelle )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Upi
0 comments:
Post a Comment