Powered by Blogger.

ဂရင်းနစ် စံချိန်တင်နိုင်ဖို့ တင်ပြသွားမယ်ဆိုတဲ့ ရုရှား သမ္မတ ရဲ့ ပုံတူချော့ကလက် ပန်းပုရုပ်




ရုရှား နိုင်ငံရဲ့ အထင်ကရ ချော့ကလက်ပွဲတော် ကို စီစဉ်သူတွေ ပြောပြချက် အရ ဒီနှစ်အတွက် ချော့ကလက် ပွဲတော် အခမ်းအနားမှာ လူအရွယ်အစားရှိတဲ့ ရုရှး သမ္မတ Vladimir Putin ရဲ့ ပုံတူ ပန်းပု ရုပ်နဲ့ သူ့ရဲ့ ခွေးပုံတူ ပန်းပု ရုပ်တိုကကို ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထို ချော့ကလက် ပွဲတော်ကို St.Petersburg မြို့မှာ ဒီဇင်ဘာလ ၅ ရက်နေ့က စတင်ပြီး ကျင်းပမှာ ဖြစ်ပါတယ်။ ထို ပွဲတော်မှာ ပြသမယ့် ရုရှား သမ္မတ Vladimir Putin ရဲ့ ပုံတူပန်းပူ ရုပ်ဟာ ပေါင် ၁၇၀ အလေးချိန်ရှိတယ်လို့လည်း သိရပါတယ်။

ပွဲတော် ကျင်းပရေး အဖွဲ့ဝင်တွေပြောပြခဲ့တာကတော့ အခုလို ရုရှား သမ္မတ Vladimir Putin ရဲ့ ပုံတူ ပန်းပု ရုပ်ကို ပြသခြင်းဟာ နိုင်ငံရေး ဖော်ပြချက် တစ်ခုမှ ပါဝင်ခြင်းမရှိပဲ ပြီးခဲ့တဲ့ နှစ်က ပြသခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ပုံတူ ချော့ကလက် ပန်းပုရုပ် ကြောင့် ဒီနှစ်မှာ ရုရှား သမ္မတ ကို ချော့ကလက် ပန်းပု ရုပ် ပြုလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပန်းပုရုပ်ပြုလုပ်သူတွေ ပြောပြခဲ့တာကတော့ သူတို့ဟာ Putin ပုံတူ ပန်းပုရုပ်ကို ကမ္ဘာ့အကြီးဆုံး လောကီ ခေါင်းဆောင် ပုံတူချော့ကလက် ရုပ်အဖြစ် ဂရင်းနစ် စံချိန် တင် နိုင်ဖို့ တင်ပြသွားမှာ ဖြစ်ပါတယ်တဲ့။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment