Powered by Blogger.

အသက် ၆၀ အရွယ် အမျိုးသား ရဲ့ "ဘီယာ ယောဂ" ပြကွက်




အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ အသက် ၆၀ အရွယ် အိုရီဂွန် ပြည်နယ်သား တစ်ဦးဟာ သူ့ရဲ့  ယောဂ ကျင့်စဉ် ကျွမ်းကျင်မှု ကို ပြသခဲ့ပါတယ်။ သူ့ရဲ့ ကျွမ်းကျင်မှုကို ပြသခဲ့ပုံကတော့ ဘီယာ တစ်ခွက်ကို သူ့ရဲ့ နဖူးပေါ်မှာ တင်ထားပြီး ယောဂ ကျင့်ပြခဲ့တာဖြစ်ပြီး ထို ဘီယာခွက်ထဲက ဘီယာတွေကိုလည်း လက်ကို အသုံးပြုခြင်းမရှိပဲ သောက်ပြခဲ့ပါတယ်။

ထို ဗီဒီယိုကို YouTube မှာ Aluse Schiedler ကတင်ထားခဲ့ပြီး သူ့ရဲ့ အဖိုးတော်စပ်သူ အသက် ၆၀ အရွယ်အမျိုးသားရဲ့ ပြကွက်တွေကို ဘီယာ ယောဂ လို့လည်း အမည်ပေးထားပါသေးတယ်။

ထို ပြကွက်ထဲမှာတော့ အသက် ၆၀ အရွယ် အမျိုးသားဟာ မတ်တပ်ရပ် အနေအထားနဲ့ သူ့ရဲ့ နဖူးပေါ်မှာ ဘီယာ တစ်ခွက်ကို တင်ထားခဲ့ပြီး ခန္ဓာကိုယ်ကို ဖြည်းဖြည်းခြင်း နှိမ့်ချလာပြီး လှဲချလိုက်တာ ဖြစ်ပါတယ်။

အဖိုးအိုးဟာ အဲဒီနောက်တော့ သူ့ရဲ့ ခြေထောက်တွေနဲ့ သူ့ရဲ့ နဖူးပေါ်က ဘီယာ ခွက်ကို မပြီး ပါးစပ်နဲ့ သောက်ပြခဲ့ပြန်ပါတယ်။

"ကျွန်မရဲ့ အသက် ၆၀ အရွယ် အဖိုးတော်စပ်သူဟာ ကျွန်မတို့ကို သူ့အနေနဲ့ ခေါင်းပေါ်မှာ ဘီယာခွက်တင်ပြီး သူ့ရဲ့လက်တွေကို မသုံးပဲ အဲဒီဘီယာခွက်ကို သောက်ပြမယ်လို့ ပြောခဲ့ပါတယ်။ ကျွန်မတို့ သူ့ကို မယုံခဲ့ကြပါဘူး။ အခုတော့ သူ အနိုင်ရသွားပါပြီ" လို့ Aluse Schiedler ဆိုသူကောင်မလေး က ထိုဗီဒီယို အကြောင်း အကျဉ်းချုပ် မှာ ရေးသားထားတာလည်း တွေ့ရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment