Powered by Blogger.

UK က ကျောင်းတစ်ကျောင်းမှာ သင်ထောက်ကူပြု အရိုးငြမ်းအတွက် ဈာပနအခမ်းနားပြုလုပ်




Liverpool မြို့မှာရှိတဲ့ အထက်တန်းကျောင်းတစ်ကျောင်းမှာ နှစ်ပေါင်း ၄၀ကျော်ကြာအသုံးပြုခဲ့ကြတဲ့ တကယ့် အစစ်အမှန် လူသား အရိုးတွေဖြစ်တဲ့ အရိုးငြမ်း သင်ထောက်ကူအကြောင်း သိသွားကြတဲ့အခါ အားလုံးအံ့အားသင့်သွားခဲ့ကြရပါသတဲ့။

Haydock အထက်တန်းကျောင်းက ကျောင်းသားတွေနဲ့ တာဝန်ရှိသူတွေဟာ ဒီအရိုးစုဟာ တကယ့်လူအရိုးစုတွေဖြစ်နေတာကို သိပြီးတဲ့နောက်မှာတော့ Arthur လိုအမည်ပေးထားတဲ့ ဒီအရိုးငြမ်းအတွက် ဈာပနအခမ်းအနား ပြုလုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။

ဒီတွေ့ရှိချက်ကို သိပြီးနောက် ဒီအရိုးစုဟာ နှစ်ပေါင်း ၁၀၀ ခန့်ရှိပြီဆိုတာကို သိရှိခဲ့ရပြီး အသက် ၂၅ နဲ့ ၃၀ ကြား အိန္ဒိယအမျိုးသားတစ်ဦးဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment