Powered by Blogger.

တာဝန်ချိန်မှာ လေသန့်စင်ဗူးတွေ ရှုရှိုက်ပြီး "ကောင်း" နေတဲ့ ရဲအရာရှိ အဖမ်းခံရ




Pennsylvania ပြည်နယ် ရဲ အရာရှိချုပ် တစ်ဦးဟာ သူ့ရဲ့ တာဝန်ချိန်အတွင်း လေသန့်စင် တဲ့ ဗူးတွေကို ရှုရှိုက်ပြီး "ကောင်း"(High) နေခဲ့တဲ့အတွက် ပြစ်ဒဏ်ပေးခြင်းခံခဲ့ရပါတယ်။

အသက် ၄၁ နှစ်အရွယ် Mahoning မြို့နယ်ရဲ့ ရဲ့အရာရှိချုပ် Chad Thomas ဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက Danville တရားရုံးမှာ ဘေးဥပါဒ်ဖြစ်စေနိုင်သော ဓါတုအရည်ပါ အရာများကို တရားမ၀င် သုံးစွဲခြင်း(သို့) ရောင်းဝယ်ဖောက်ကားခြင်း ဆိုတဲ့ ပြစ်မှု ဥပဒေ နဲ့ တရားရင်ဆိုင်ခဲ့ရပါတယ်။

Thomas ရဲ့ ရှေ့နေက တင်ပြခဲ့တာက Thomas လေသန့်စင်ဗူးတွေကို ရှုရှိုက်နေတဲ့ မေလ ၂၇ ရက်နေ့မှာ အခြား အရာရှိတွေဟာလည်း "huffing" လို့ခေါ်တဲ့ လေ့ကျင့်ရေးအစီအစဉ်အတွက် လေသန့်စင်ဗူးတွေ အသုံးပြုနေကြတယ်လို့ ပြောခဲ့ပေမယ့် အခြားအရာရှိတွေကတော့ Thomas ရဲ့ ပုံစံဟာ ၀က်ရူးပြန်သကဲ့သို့ ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်ခန့်က Mahoning မြို့နယ် ရဲတပ်ဖွဲ့ကို ၀င်ရောက်ခဲ့သူ Thomas ဟာ ပြစ်မှု ထင်ရှားနေတဲ့ အတွက် ရာထူးကနေ ဖယ်ရှားခံထားရပြီး Chris Prescott ဆိုသူ ရဲ အရာရှိက လက်ရှိမှာ Mahoning မြို့နယ်ရဲ့ ရဲအရာရှိချုပ်အဖြစ်ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment