Powered by Blogger.

ISIS အဖွဲ့က ကလေးစစ်သား တွေ ထောင်သားတွေကို ပစ်သတ်ပြီး လေ့ကျင့်ရေး ဆင်းနေရ




ဘာသာရေး အစွန်းရောက် အကြမ်းဖက် အဖွဲ့ဖြစ်တဲ့ ISIS ဟာ အဖွဲ့ဝင် ကလေးစစ်သား တွေကို ထောင်သား တွေအား သေနတ်နဲ့ ပစ်သတ်စေခဲ့တဲ့ ဗီဒီယို တစ်ခု ထွက်ပေါ်လာပါတယ်။

ဆီးရီးယား နိုင်ငံ ၊ Deir ezzor ဒေသ မှာရှိတဲ့ နေရာတစ်ခုမှာ ရိုက်ကးထားတဲ့ ဗီဒီယိုမှာတော့ ကလေး စစ်သား ၆ ယောက်ကို လေ့ကျင့်ရေးဆင်းပေးနေတာဖြစ်ပြီး ထို ကလေး စစ်သား ၆ ယောက်ဟာ ပုံးနေတဲ့ ထောင်သားတွေကို လိုက်လံရှာဖွေပြီး ပစ်သတ်ရတဲ့လေ့ကျင့်မှု မျိုးပဲ ဖြစ်ပါတယ်။

ပုန်းကွယ်နေတဲ့ ထောင်သားတွေကို ရှာဖွေတွေ့ရှိသွားတဲ့အခါမှာ ထောင်သားတွေဟာ သူတို့ရဲ့ လက်တွေကို ကြိုးချည်ပြီး ကလေးစစ်သားတွေကို ကျောပေးထားရပါတယ်။ အသက် ၈ နှစ်ကျော်ကျော်သာ ရှိသေးတဲ့ ထို ကလေး စစ်သားတွေကတော့ အနီးကပ်အနေအထားနဲ့ ထောင်သား တွေကို ပစ်သတ်ရတာပဲဖြစ်ပါတယ်။

လေ့ကျင့်မှု အစ မှာ ကလေးစစ်သားတွေကို မျက်နှာဖုံးအုပ်စေပြီး သေနတ် တစ်လက်စီပေးကာ ၀င်္ကပါလို နေရာမျိုးထဲမှာ ထောင်သားတွေကို လိုက်ခံရှာဖွေစေခဲ့တာဖြစ်ပါတယ်။ လေ့ကျင့်ရေးကို တစ်ယောက်ချင်း ပြုလုပ်ရတာဖြစ်ပြီး ထောင်သားကို ရှာဖွေတွေ့ရှိခဲ့တဲ့ ကလေးစစ်သား ဟာ ညွှန်ကြားသူထံမှာ သေနတ် နဲ့ မျက်နှာစွပ် ကို ပြန်လည်ပေးအပ်ပြီး နောက်တစ်ယောက် ကို ဆက်လက်လေ့ကျင့်စေရပါတယ်။

ထို ပစ်သတ်ခံရတဲ့ ထောင်သားတွေကတော့ "ဂျူးရဲ့သားတော်များ" လို့ သတ်မှတ်ခံရပြီး သူလျှိ လို့ စွပ်စွဲခံထားရသူတွေဖြစ်ပါတယ်။ ISIS ဟာ ဒီဗီဒီယို ကို ထုတ်ဖော်ပြသပြီး သူတို့အနေနဲ့ ကလေးစစ်သား တွေအသုံးပြုနေတယ်ဆိုတဲ့အကြောင်းကို ထုတ်ဖော် ၀န်ခံလိုက်တာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment