Powered by Blogger.

ကမ္ဘာ့အထူးဆန်းဆုံး ခရစ္စမတ် သစ်ပင်များ




ဒီဇင်ဘာလ ရောက်ပြီဆိုတာနဲ့ အားလုံးသိတဲ့အတိုင်းပဲ နေရာတိုင်းမှာ ခရစ္စမတ် သစ်ပင်တွေကို တွေ့ရပါတယ်။ ပတ်ဝန်းကျင်မှာ တွေ့နေကြ ခရစ္စမတ် သစ်ပင်တွေကတော့ ပုံစံတူပြီး ချိတ်ဆွဲထားတဲ့ အလှဆင် ပစ္စည်းလေးများသာ ကွာခြားလေ့ရှိတာပါ။ ဒါပေမယ့်လည်း ကမ္ဘာတစ်ဝှမ်းမှာ တူညီမှုတွေကနေ ခွဲထွက်ပြီး ထူးဆန်းစွာ ရပ်တည်နေတဲ့ ခရစ္စမတ် သစ်ပင်အချို့ရှိပါတယ်။ အဲဒါတွေကတော့

၁။ စတာလင်ပေါင် ၃၅,၀၀၀ တန် သစ်ပင်


ဒီ ခရစ္စမတ်သစ်ပင်ကတော့ သြစတြေးလျနိုင်ငံ ၊ Hobart မြို့မှာတည်ရှိတာပါ။ သတ္တုချောင်းတွေနဲ့ပဲ ခရစ္စမတ် သစ်ပင်ကို ဆောက်လုပ်ထားပြီး ထိုသစ်ပင်ပြုလုပ်ရာမှာ စတာလင်ပေါင် ၃၅၀၀၀ အကုန်ကျခံခဲ့ရတယ်လို့သိရပါတယ်။

၂။ မှော်ဆရာဦးထုပ်




ဒီသစ်ပင်ကတော့ ဗြိတိန် နိုင်ငံ ၊ လက်စတာ မြို့မှာတည်ရှိတာဖြစ်ပါတယ်။ ဒီသစ်ပင်ကို တည်ဆောက်ရာမှာလည်း စတာလင်ပေါင် ၂၀,၀၀၀ တိတိအကုန်ကျခံခဲ့ရတယ်လို့ သိရပါတယ်။

၃။ Recycle ခရစ္စမတ်သစ်ပင်



ဒီသစ်ပင်ကတော့ သြစတြေးလျနိုင်ငံ ၊ လစ်မော မြို့မှာ တည်ရှိတာဖြစ်ပြီး မြို့နယ်ကောင်စီက တည်ဆောက်ပေးထားတာဖြစ်ပါတယ်။ ထို သစ်ပင်တစ်ခုလုံးကို အသုံးမပြုတော့တဲ့ စက်ဘီးတွေရဲ့ဘီးတွေနဲ့ အလှဆင်တည်ဆောက်ထားတာဖြစ်ပါတယ်။

၎။ အရက်မူးသမား သစ်ပင်





ဒီသစ်ပင်ကတော့ ပလိုင်းမောက်မြို့မှာ တည်ရှိတာပါ။ နာမည်နဲ့လိုက်အောင်ပင် သစ်ပင်ရဲ့ အနေအထားက မူးနေတဲ့ပုံပေါက်နေပါတယ်။

၅။ အမြွှာသစ်ပင်



ဒီသစ်ပင် ၂ ပင်ကတော့ ဆွမ်ဆီး မြို့နဲ့ အစ်ဆွစ်ခ်ျ မြို့တို့မှာ တည်ရှိကြတာပါ။ မနက်ပိုင်းမှာတော့ ကြည့်ရဆိုးနေပေမယ့် ညပိုင်းမှာ အလင်းရောင်ပေးလိုက်ရင်တော့ တစ်ချို့က သဘောကျကြပါတယ်။

၆။ အစောဆုံး သစ်ပင်


ဒီသစ်ပင်တော့ အောက်တိုဘာလ ကတည်းက တည်ဆောက်ပြီးစီးနေတာ ဖြစ်တယ်လို့ မူလဓါတ်ပုံ ပိုင်ရှင်ကဆိုထားပါတယ်။ ခရစ္စမတ်ထက် စောပြီးရောက်နှင့်နေတဲ့ ခရစ္စမတ် သစ်ပင်ဟာလည်း အများနဲ့မတူ ပဲ ထူးဆန်းနေပါသေးတယ်။

၇။ အသေးဆုံး ခရစ္စမတ်သစ်ပင်


ဒါကတော့ အိမ်တစ်အိမ်မှာ ပြုလုပ်ထားတဲ့ ခရစ္စမတ်သစ်ပင်ပါ။ သေချာတာကတော့ ခရစ္စမတ် သစ်ပင် ပုံ လုံးဝမပေါက်ပါဘူး။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment