Powered by Blogger.

ရေခဲနေတဲ့ ကန်ရေပြင်ထဲမှာ စစ်တုရင် ထိုးပြခဲ့တဲ့ အမျိုးသား ၂ ယောက်




စစ်တုရင် ကစားနည်းဆိုတာဟာ ဥာဏ်အမြော်အမြင်ကို အခြေခံထားတဲ့ ကစားနည်းတစ်မျိုးပါ။ စစ်တုရင် ကစားသမား တစ်ယောက်ဆီမှာ ပြိုင်ဘက် ကစားသမားကို အနိုင်ယူဖို့အတွက် အာရုံစူးစိုက်မှုကတော့ အပြည့်အ၀ လိုအပ်ပါတယ်။

ဒါကြောင့် ရေခဲနေတဲ့ကန်ရေပြင်မှာ ရေစိမ်ရင်း စစ်တုရင် ကစားပြဖို့ဆိုတာဟာ တော်တော်မလွယ်ကူတဲ့ကိစ္စပါ။ ဒါကိုအောင်မြင်စွာ လုပ်ပြနိုင်ခဲ့တာကတော့ ရုရှားနိုင်ငံသား အမျိုးသား ၂ ယောက်ပဲဖြစ်ပါတယ်။ သူတို့ ၂ ယောက်ဟာ သူတို့ရဲ့ ခန္ဓာကိုယ် တစ်ဝက်ကို အေးစက်တောင့်ခဲနေတဲ့ ရေကန်အတွင်း စိမ်ထားပြီး စစ်တုရင် ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

တစ်ချို့တွေကတော့ ရေခဲပြင်ထဲစိမ်တာကို Ice Bucket Challenge ဆော့သလိုပဲ လွယ်ကူမယ်လို့ ထင်ထားမိကြမှာပါ။ တစ်ကယ်တော့ ထင်သလောက် မလွယ်ပါဘူး။

ဒီ ရုရှား အမျိုးသား ၂ ဦးကတော့ ရေခဲပြင် ကန်ရေ ထဲစိမ်ပြီး အာရုံစူးစိုက်မှု ကောင်းစွာနဲ့ စစ်တုရင်ဆက်လက် ကစားပြခဲ့ကြပါတယ်။

ဒီဗီဒီယိုကိုတော့ ရုရှားနိုင်ငံ ၊ Yekaterinburg မြို့အနီးက Lake Shartash ဆိုတဲ့ ရေခဲပြင် ရေကန် မှာ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။


( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment