Powered by Blogger.

မူဆလင်ဒုက္ခသည်တွေ တက်မလာအောင် ကားနောက်ခန်း မှာ ၀က်သားဆွဲခဲ့တဲ့ ယာဉ်မောင်း ဒဏ်ရိုက်ခံရ




ဒီရက်ပိုင်း ထွက်ပေါ်လာတဲ့ ဗီဒီယိုတစ်ခုကတော့ ဗြိတိန် နိုင်ငံအတွင်း ၀င်ရောက်မယ့် လော်ရီကား ရဲ့ နောက်ခန်းမှာ ၀က်သားစိမ်းကြီး ကို ချိတ်ဆွဲထားတဲ့ ဗီဒီယိုပဲ ဖြစ်ပါတယ်။

YouTube မှာ တင်ထားတဲ့ ထိုဗီဒီယိုမှာတော့ ၁၈ ဘီးတပ် ဂျာမန် ထရပ်ကားတစ်စီးဟာ ပြင်သစ်နိုင်ငံ Calais ဆိပ်ကမ်းမှာ စောင့်ဆိုင်းနေပြီး ထိုထရပ်ကားရဲ့ အနောက်ဖက်မှာတော့ ၀က်သားတွေကို ချိတ်ဆွဲထားတာပဲဖြစ်ပါတယ်။

ယာဉ်မောင်းဖြစ်သူက ယုံကြည်ထားတာကတော့ ဒီနည်းလမ်းဟာ ဗြိတိန် နိုင်ငံအတွင်း ၀င်ရောက်ဖို့ ကြိုးစားမယ့် မူဆလင် ဒုက္ခသည် တွေ သူ့ရဲ့ ကားနဲ့ ခိုးပြီး လိုက်လာမှာကို ကာကွယ်နိုင်လိမ့်မယ်ဆိုတာပါပဲ။

အစ္စလာမ် ဘာသာရေးမှာတော့ ၀က်သားစားခြင်းကို ဘာသာရေး စည်းကမ်းတွေအရ တားမြစ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် မူဆလင် ဘာသာဝင်တွေဟာ ၀က်သား ကို ဝေးဝေးကရှောင်ကြပါတယ်။

ထို ထရပ်ကား မောင်းနှင်သူတွေကိုတော့ စတာလင်ပေါင် ၂ ထောင် ဒဏ်ငွေရိုက်ခံခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ လုပ်ရပ်ဟာ ပြင်းထန်တဲ့ သက်ရောက်မှုတွေရှိလာနိုင်တဲ့အတွက်ပါ။ ဒါဟာ လူတွေရဲ့ စားချင်သောက်ချင် စိတ်ကိုပါ ပျက်ပြားအောင် သက်ရောက်မှု ရှိနိုင်တယ်လို့ သက်ဆိုင်ရာကဆိုပါတယ်။

ထို Calais ဆိပ်ကမ်း အနီးက တောတွင်းမှာတော့ ဒုက္ခသည် ၆၀၀၀ ထောင်လောက် ဒုက္ခသည်စခန်း တည်ဆောက်ပြီး နေထိုင်နေတယ်လို့ သိထားရပြီး ထို ဒုက္ခသည်တွေဟာလည်း ဗြိတိန်နိုင်ငံအတွင်း ၀င်ရောက်ဖို့ အခုလို ထရပ်ကားတွေရဲ့ အနောက်ကနေ ခိုးပြီး လိုက်ပါသွားတတ်ကြပါတယ်။ ဒါဟာ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ဒုက္ခသည်ပြဿနာလည်းဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီကပဲ ဘာသာရေးစစ်ပွဲတွေဖြစ်ပွားနေတဲ့ ဆီးရီယားနိုင်ငံအတွင်း ဆီးရီးယား နိုင်ငံသား ၄ သန်းခန့်ဟာ ဒုက္ခသည်တွေအဖြစ် ဥရောပ တိုက်အတွင်း သို့ ၀င်ရောက် ခဲ့ကြတာဖြစ်ပါတယ်။


( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments:

  1. စိတ်ဝင်စားဖို့ကောင်းမှကောင်း ၊ ကျေးဇူးပါ။။။

    ReplyDelete