Powered by Blogger.

နော်ဝေ သတင်းစာက ခရစ္စမတ် ဘိုးဘိုးကြီး Santa Claus ရဲ့ နာရေး အသိပေးစာကို ဖော်ပြ




နော်ဝေ နိုင်ငံက သတင်းစာ တစ်စောင်ဟာ ခရစ္စမတ် ဘိုးဘိုးကြီး Santa Claus ရဲ့ နာရေး အသိပေးစာကို မှားယွင်း ဖော်ပြခဲ့ပြီးတဲ့နောက် လာမယ့် ခရစ္စမတ်မှာ လူဆိုးစာရင်းထဲ ၀င်သွားပါပြီ။

သတင်းစာကတော့ အဲ့ဒီလို မှားယွင်းဖော်ပြမှုအတွက် လူသိရှင်ကြားတောင်းပန်ခဲ့ပြီး ခရစ္စမတ် ဘိုးဘိုးကြီး သေဆုံးသွားတယ်ဆိုတာ မဟုတ်မှန်ကြောင်း ပြန်လည် အတည်ပြုပြေကြားခဲ့ပါတယ်။

ဖတ်ရသူတိုင်း ရှော့ခ် ဖြစ်သွားရလောက်အောင် မှားယွင်းခဲ့တဲ့ သတင်းကြေညာချက်ထဲမှာတော့ ခရစ္စမတ် ဘိုးဘိုးကြီး Santa Clause ရဲ့ ဈာပန အခမ်းအနားဟာ ဒီဇင်ဘာ ၂၈ ရက်မှာ "North Pole Chapel" မှာကျင်းပ ပြုလုပ်မယ်လို့လည်း ရေးသားထားပြန်ပါတယ်။ သေဆုံးရခြင်းအကြောင်းအရင်းကိုတော့ ဖော်ပြထားခြင်းမရှိခဲ့ပါဘူး။

နော်ဝေနိုင်ငံရဲ့ ဒုတိယ ရောင်းအားအကောင်းဆုံး သတင်းစာဖြစ်တဲ့ Aftenposten ဟာ အခုလို နမော်နမဲ့ ဖြစ်ခဲ့မှုကို ရုံးတွင်းလုပ်ငန်းစဉ်ချို့ယွင်းချက် တစ်ခုအနေနဲ့ အပြစ်တင်ခဲ့ပြန်ပါတယ်။

"Aftenposten ရဲ့ ရုံးတွင်း လုပ်ငန်းစဉ်တွေမှာ ချို့ယွင်းချက်ဖြစ်ခဲ့ခြင်းဟာ Snata Claus ရဲ့ နာရေးသတင်း အတုအယောင်ကို ငါတို့ရဲ့ ဒစ်ဂျစ်တယ် စနစ်ထဲမှာ မှားယွင်းဖော်ပြမိစေခဲ့တယ်။ ငါတို့မှာ ဒီလိုမာတိကာ အကြောင်းအရာတွေနဲ့ သင်္ကေတတွေအတွက်လည်း လမ်းညွှန်ချက်ထုတ်ပြန်ထားပြီးသားပါ။ ဒီကြေညာချက်ကတော့ အကြမ်းဖက်မှုဖြစ်နေပြီး ဘယ်တော့မှ မဖော်ပြသင့်ပါဘူး။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ငါတို့ဖော်ထုတ်သွားမှာပါ" လို့ Aftenposten ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

Aftenposten သတင်းဌာနရဲ့ အကြီးအကဲတွေ ဒီကိစ္စကို သိရှိသွားပြီးတဲ့နောက်မှာတော့ Santa Claus ရဲ့နာရေးကြော်ငြာ ကို ပယ်ဖျက်ခဲ့ပါတယ်။ သူတို့ ဖော်ပြခဲ့တဲ့သတင်းမှာတော့ "ခရစ္စမတ်ရဲ့ဖခင် - Santa Claus ၊ ၁၇၈၈ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှာ ဖွားမြင် ၊ သူ့ရဲ့ ၂၂၇ နှစ်မြောက် မွေးနေ့မတိုင်ခင် ၊နော်ဝေနိုင်ငံ Nordkapp မြို့မှာသေဆုံးခဲ့" လို့ ရေးသားထားတာပဲဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment