Powered by Blogger.

သားဖြစ်သူကို ခရစ်စမတ်လက်ဆောင် ပေးနိုင်ဖို့ အပြာကားရိုက်ခဲ့ရတဲ့ အမျိုးသမီး




မိခင်တစ်ဦးဟာ သူမရဲ့  သားဖြစ်သူ ကို ပြီးပြည့်စုံတဲ့ ခရစ်စမတ် ပွဲ ရရှိစေဖို့အတွက် အပြာ ရုပ်ရှင်တွေ ရိုက်ကူးခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၂၀ နှစ် ကျော်သာရှိသေးတဲ့ Megan Clara ဟာ သူမရဲ့ သားဖြစ်သူ အသက် ၅ နှစ်အရွယ် Ashton က မနှစ်က သူ့ သူငယ်ချင်းတွေလို ဈေးကြီးတဲ့ လက်ဆောင်တွေ မရခဲ့တာနဲ့ ပတ်သက်ပြီး စောဒက တက်ခဲ့မှုအပေါ်  စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

တစ်ယောက်ထဲရုန်းကန်နေရပြီး တစ်ပတ်ကို စတာလင်ပေါင် ၈၀ သာ ၀င်ငွေ ရှိခဲ့တဲ့ Clara ဟာ သူမ ရဲ့ သားကို မနှစ်က ခရစ်စမတ်မှာ ခဲခြစ်ပန်းချီ တစ်ခု ၊ အရုပ်အနည်းငယ်နဲ့ အ၀တ်အစားသစ် တွေ ၀ယ်ယူပြီး လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမရဲ့  သားဖြစ်သူ မကျေနပ်တာကို သိခဲ့ပြီးတဲ့နောက်မှာ ၂၀၁၅ ခုနှစ် ခရစ်စမတ်မှာတော့ အမှတ်တရ တစ်ခု ဖြစ်အောင် ဖန်တီးပေးနိုင်ဖို့အတွက် သူမ ဟာ ၀င်ငွေ ပိုမို ရရှိမယ့် အလုပ်ကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

သူမဟာ တစ်နှစ်လုံး အပြာကားတွေများစွာ လက်ခံ ရိုက်ကူးခဲ့ပြီး ရိုက်ကွင်းတစ်ခုစာအတွင် စတာလင်ပေါင် ၅၀၀ ၀င်ငွေ ရရှိခဲ့ပြီး သူမ ရဲ့ မိသားစုဝင်တွေကိုလည်း ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ခရစ်စမတ် အခမ်းအနားမျိုး ကျင်းပပေးနိုင်ခဲ့ပါတယ်။

Portsmouth မြို့ မှာနေထိုင်တဲ့ Clara က "ပြီးခဲ့တဲ့ ခရစ်စမတ် တုန်းက ကျွန်မဟာ ပိုက်ဆံ မရှိခဲ့ပါဘူး။ တစ်ကယ်ကိုခက်ခဲခဲ့ပြီး Ashton လေးအနေနဲ့ စိတ်ပျက်ပြီး ထွက်ခွာသွားမှာကိုလည်း စိုးရိမ်မိခဲ့ပါတယ်။ သူဟာ သူ့သူငယ်ချင်းတွေ ပိုင်ဆိုင်ထားတာတွေကို အမြဲလိုချင်နေခဲ့ပါတယ်။ ကျွန်မမှာလည်း ဈေးကြီးတဲ့ အရုပ်တွေဝယ်ပေးဖို့အတွက် ပိုက်ဆံမရှိခဲ့ပါဘူး" လို့ ဆိုပါတယ်။

မနှစ်က ခရစ်စမတ်မှာ သားဖြစ်သူကို စတာလင်ပေါင် ၁၀၀ ဖိုးသာ လက်ဆောင်ပေးနိုင်ခဲ့တဲ့ Clara ဟာ ဒီနှစ်ခရစ်စမတ်မှာတော့ စတာလင်ပေါင် ၁၅၀၀ ဖိုးအထိ လက်ဆောင်ပေးနိုင်ခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments:

  1. ရှေ့နေကြီး ဦးလှဟန်ဆိုတာ နေပြည်တော် ပျဉ်းမနားမှာ နာမည်ကြီးပါတယ် တရားစီရင်ရေး ကို စီးပွားရေးတရပ်အဖြစ်လုပ်စားနေပြီး တရားစီရင်ရေးနဲ့ တရားရေးအကြီးအကဲတွေကို အရကပ်ပေါင်းပြီး အမှုကို အနိုင်ယူ ပြီး အကျိုးအမြတ်ကို ခွဲဝေယူပါတယ် နေပြည်တော်နဲ့ တနိုင်ငံလုံးက ၀ါရင့်ရှေ့နေများအကုန်သိကြပါတယ် ဒီသတင်းကို အတည်ပြုလိုရင် ကျနော်နဲ့ဆက်သွယ်ပါ ကျနော်ကိုယ်တိုင်ခံစားရတဲ့ ကိုတိုင်သက်သေပါ

    ReplyDelete