Powered by Blogger.

မရိုးသားမှုနဲ့ ညိစွန်းတဲ့ ပြည်သူ့ဝန်ထမ်းတွေကို အလုပ်ထုတ်ရမယ်ဆိုတဲ့ အမေရိကန်တရားရေး



နယူးဂျာစီ မီးသတ်သမားတစ်ဦးဟာ ကန်ဒေါ်လာ ၇.၉၈ တန် ပစ္စည်းတွေကို ခိုးယူခဲ့တာကြောင့် ကန်ဒေါ်လာ ၇၈၀၉၆ တန် တစ်နှစ်စာအလုပ်ကို ဆုံးရှုံးရတော့မယ်လို့ သတင်းရရှိပါတယ်။

အသက် ၃၄နှစ်ရှိ မီးသတ်သမား Ashton Funk ဟာ Margate မှာရှိတဲ့ ကုန်စုံဆိုင်တစ်ခုကနေ ပစ္စည်းခိုးယူကြောင်း ပြစ်မှုထင်ရှားတယ်လို့ မြူနီစီပယ် တရားရုံး တရားသူကြီးက ပြောခဲ့ပါတယ်။

Funk ဟာ ကမ်းခြေစောင့်ရှောက်ရေး အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး ခိုးယူမှုဖြစ်ပွားတုန်းက မီးသတ်သမားတစ်ဦးအနေနဲ့ တာဝန်ကျချိန် မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ Atlantic စီရင်စု တရားရေးရုံးကနေ သူ့ကိုအလုပ်ဖြုတ်ဖို့ စီစဉ်နေပါတယ်။ မရိုးသားမှုကို ကျုးလွန်တဲ့ ပြည်သူ့ဝန်ထမ်းတစ်ယောက်ကို အလုပ်ထုတ်ပစ်ရမယ်လို့ တရားရေးရုံးက ဆိုထားပါတယ်။

Funk ဟာ ဘာပစ္စည်းခိုးယူခဲ့တယ်ဆိုတာကိုတော့ အစိုးရရှေ့နေတွေက ဖြေကြားခြင်း မရှိပါဘူး။ တရားရုံးကလည်း အမိန့်မချမှတ်ရသေးဘူးလို့ သိရပါတယ်။

( Skyler )



#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: AP


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment