Powered by Blogger.

ကားဒရိုင်ဘာ အိပ်ပျာ်နေချိန် ကားခိုးမောင်းတဲ့ အိန္ဒိယက မျောက်




အိန္ဒိယနိုင်ငံ ဘတ်စ်ကားကုမ္ပဏီတစ်ခုက ဘတ်စ်ကားဒရိုင်ဘာ တစ်ရေးတမော အိပ်ပျော်နေချိန်မှာ မျောက်တစ်ကောင် ကားတက်မောင်းလို့ ရပ်ထားတဲ့ ဘတ်စ်ကား၂ စီးကို တိုက်မိတယ်လို့ ဆိုလာပါတယ်။

Uttar Pradesh State Road Transport Corporation အဆိုအရ Bareilly ရှိ ဘတ်စ်ကားရပ်နားစခန်းမှာ ကားပြန်လည်မထွက်ခင် ကားရပ်နားပြီး နာရီဝက်လောက် အိပ်ပျော်သွားတဲ့ ဘတ်စ်ကားဒရိုင်ဘာရဲ့ ကားပေါ်ကို မျောက်တစ်ကကောင်က တက်ပြီး ကားစက်နှိုးကာ ကားမောင်းဖို့ကြိုးစားခဲ့တာလို့ သိရပါတယ်။

ဒရိုင်ဘာနိုးလာပြီး မျောက်ကို မောင်းထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် မျောက်က ကားရဲ့ ဂီယာကို ပြောင်းလဲမောင်းနှင်ခဲ့လို့ ဒရိုင်ဘာခမျာ ပြတင်းပေါက်ကနေ အပြင်ကို ထွက်ကျသွားခဲ့ပါသတဲ့။

ဘတ်စ်ကားကုမ္ပဏီရဲ့ မန်နေဂျာဖြစ်သူ SK Sharma က Times of India ကို “ ကားဒရိုင်ဘာက ကားကို ပြန်လည်ထိန်းသိမ်းမောင်းနှင်ဖို့ ကြိုးစားခဲ့ပေမယ့် ရပ်ထားတဲ့ ဘတ်စ်ကား ၂ စီးကို တိုက်မိတော့မှပဲ ကားက ရပ်သွားခဲ့တာပါ” လို့ ဆိုပါတယ်။

Sharma အဆိုအရ ဘတ်စ်ကားကုမ္ပဏီအနေနဲ့ မျောက်တွေကို တခြားနေရာကို ပြောင်းရွှေ့နေရာချထားပေးနိုင်ဖို့ ဒေသအာဏာပိုင်တွေနဲ့ ဆွေးနွေးနေတယ်လို့လည်း ဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment