Powered by Blogger.

၆နှစ်သား သားလေးအတွက် တည်ဆောက်ပေးလိုက်တဲ့ ဖေဖေရဲ့ တကယ့်တင့်ကား



ရေတပ်အရာရှိဟောင်း Jian Lin ဟာ ၆နှစ်အရွယ် သူ့သား Wang ကို လက်ဆောင်ပေးဖို့အတွက် စတာလင်ပေါင် ၄၀၀၀ အကုန်ခံခဲ့ပါတယ်။ Wang ဟာ သူ့မွေးနေ့လက်ဆောင်အဖြစ် တင့်ကား တစ်စီးလိုချင်တယ်လို့ သူ့အဖေကို ပူဆာခဲ့လို့ပါ။

တကယ့် တင့်ကားတစ်စီးကို သူရနိုင်လိမ့်လို့ အိပ်မက်တောင်မမက်ခဲ့ဖူးပါဘူး။ ကလေးရဲ့ဖခင်ဟာ အချိန်အတော်ကြာ စဉ်းစားပြီးတဲ့နောက် အန္တိမ ကလေးဆော့အရုပ်ကို တည်ဆောက်ပေးပြီး သူ့သားရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ သူဆုံးဖြတ်လိုက်ပါတယ်။

 ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲ့ 63A အမျိုးအစား တင့်ကားကို အခြေခံ ဒီဇိုင်းရေးဆွဲထားတာဖြစ်ပြီး Mr Jian ဟာ ၂လကြာတည်ဆောက်ခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ လုံးဝအပြည့်အစုံ အလုပ်လုပ်တဲ့ တင့်ကားတစ်စီး ဖြစ်လာပါတယ်။

အမြှောက်တင်ဆုံလည်ဟာ ၃၆၀ ဒီဂရီလှည့်လို့ရပြီး အမြှောက်ဟာ ပစ်လို့ ရပါတယ်။ ဒီဖြစ်ရပ်မျိုးက တရုတ်နိုင်ငံမှာရှိခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံသားဖခင်တစ်ဦးဟာ သူ့သားအတွက် လေယာဉ်တင်သင်္ဘော ပုံစံငယ်တည်ဆောက်ပေးခဲ့တာပါပဲ။

( Skyler)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Daily Mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment