Powered by Blogger.

Time Travel လုပ်ဆောင် စမ်းသပ်ရင်း အဆောက်အဦးတစ်ခုကို ကားနဲ့ဝင်တိုက်မိမှုဖြစ်ပွား





အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ကားနဲ့ ကာလလွန်ဖြတ်သန်းခြင်း(Time Travel) ကို လုပ်ဆောင်ဖို့ ကြိုးစားရင်း အဆောက်အဦးတစ်ခုကို ကားနဲ့ ၀င်တိုက်မိခဲ့တယ်လို့ သိရပါတယ်။

ထိုအမျိုးသားဟာ သူ့ရဲ့ Dodge အမျိုးအစား Challenger ကားကို အခွန်ရုံးနဲ့ ခေါင်းတလား ရောင်းဝယ်ရေး လုပ်ငန်းတို့ရှိရာ အဆောက်အဦးကို ၀င်တိုက်ခဲ့မိတာကြောင့် ထိုလုပ်ငန်း ၂ ခုလုံးဟာ ရုံးခန်းပြောင်းရွှေ့ရလောက်တဲ့အထိ ထိခိုက်မှုတွေများပြားခဲ့ပါတယ်။

"အဲဒီတုန်းက ဗုံးကျဲခံလိုက်ရသလိုပါပဲဗျာ" လို့ ထိုအဆောက်အဦး ရဲ့ အထွေထွေ မန်နေဂျာ Emanuel Mores ကဆိုပါတယ်။

စိတ်မကောင်းစရာကတော့ ကမ္ဘာကျော် "Back to the Future" ဇာတ်လမ်း ရဲ့  ကာလလွန်ဖြတ်သန်းခြင်း သီအိုရီဟာ အစစ်အမှန်မဟုတ်ခဲ့ပါဘူး။ ကာလလွန် ခရီးသွားခြင်း လို့ ထွက်ဆိုထားတဲ့ ဒီ အမှုမှာလည်း ယာဉ်တိုက်မှုကြောင့် ဖလော်ရီဒါပြည်နယ်မြောက်ပိုင်း Penascola မြို့ မှာ ထိုင်ခုံတွေနဲ့ အကျိုးအပဲ့ တွေ သာ ဖြစ်ပေါ်လာစေခဲ့ပါတယ်။

ရဲ တပ်ဖွဲ့ကို ထိုယာဉ်မောင်း ပုဂ္ဂိုလ်ကထွက်ဆိုခဲ့ရာမှာလည်း သူဟာ ကာလလွန် ဖြတ်သန်းခြင်း ကို ကြိုးစားလုပ်ဆောင်ခဲ့မိတာပဲ ဖြစ်တယ်လို့ပဲ ထွက်ဆိုထားပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ ထိုယာဉ်မောင်း ကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး စည်းကမ်းမဲ့ မောင်းနှင်ခြင်း ဆိုတဲ့ ပြစ်မှုနဲ့ အရေးယူသွားမယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment