Powered by Blogger.

ကမ္ဘာ့ အသက်အကြီးဆုံး သတို့သားအရံ အဖြစ်စံချိန်တင်ခဲ့တဲ့ အဘိုးအို





အသက် ၁၀၂ နှစ်အရွယ် ရှိတဲ့ အဘိုးအိုး တစ်ဦးဟာ ကမ္ဘာ့ အသက်အကြီးဆုံး သတို့သား အရံ တစ်ယောက်အဖြစ် ဂင်းနစ် စံချိန်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ငယ်ရွယ်စဉ်က လယ်သမားတစ်ယောက်အဖြစ် ဘ၀ ကို ဖြတ်သန်းခဲ့သူ အသက် ၁၀၂ နှစ်အရွယ် Dan Clement ဟာ သူ့ သူငယ်ချင်း ရဲ့ မင်္ဂလာဆောင်မှာ သတို့သားအရံ အဖြစ် တာဝန်ထမ်းဆောင်ပြီး ကမ္ဘာ့ စံချိန်ကို ချိုးနိုင်ခဲ့တာပါ။

မင်္ဂလာဆောင်ခဲ့တဲ့ သတို့သားကတော့ Dan ရဲ့ သူငယ်ချင်း ဖြစ်သူ အသက် ၇၄ နှစ်အရွယ် Alex နဲ့ ဇနီးသည် Sue တို့ ဖြစ်ပါတယ်။ ပျော်ရွှင်နေတဲ့ ကြင်စဦး ဇနီးမောင်နှံကတော့ သူတို့အနေနဲ့ သတို့သား အရံ အဖြစ်ရွေးချယ်စရာ မရှိခဲ့ဘူးလို့ ဆိုပြီး အသက်အရွယ်ဆိုတာ သူတို့အတွက် စဉ်းစားဆင်ခြင် စရာ အားနည်းချက်တစ်ခု ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူးလို့လည်း ပြောပြပါတယ်။

Dan ဟာ ကလေး ၂ ယောက်ရှိပြီး မြေး ၄ ယောက်နဲ့ မြစ် ၁ ယောက်လည်းရှိပါတယ်။ ၁၉၄၀ ခုနှစ်တုန်းကတော့ သတို့သား အရံ အဖြစ်တစ်ကြိမ်ဆောင်ရွက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

Dan မတိုင်ခင်က ကမ္ဘာ့ အသက် အကြီးဆုံး သတို့သား အဖြစ် စံချိန်တင်ခဲ့ဖူးသူကတော့  ၂၀၁၄ ခုနှစ်မှာ သတို့သား အဖြစ်ဆောင်ရွက်ခဲ့တဲ့ အသက် ၉၆ နှစ်အရွယ် Roanl Hornby ပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : MIrror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment