Powered by Blogger.

ခရစ်စမတ် ကာလအတွင်း ဗြိတိန်နိုင်ငံ မှာ ရေလွှမ်းမိုးမှုနဲ့ ကြုံတွေ့နေရ






ဒီတစ်ပတ်တော့ ဗြိတိန်နိုင်ငံရဲ့  နေရာအများစုမှာ မထင်မှတ်ထားတဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေလွှမ်းမိုးမှု တွေကြုံတွေ့နေရပါတယ်။

ထိုရေလွှမ်းမိုးမှု ရဲ့ အန္တာရာယ်ဟာလည်း ထိရောက်စွာ ကာကွယ် နိုင်ဖို့ လိုအပ်နေတာကြောင့် စစ်တပ် ပါဝင်ကူညီနေရပြီး ကယ်ဆယ်ရေးအတွက် စစ်သား အချို့ ကိုလည်း Cumbria မြို့  ရဲ့ လမ်းတွေပေါ်မှာတွေ့ လိုက်ရတယ်လို့ သိရပါတယ်။

လက်ရှိ တိုင်းတာမှု တွေအရ နေရာ ၅ နေရာ ရေလွှမ်းမိုးမှု သတိပေးချက် ထုတ်ပြန်ထားရပြီး သဘာဝပတ်ဝန်းကျင် အဖွဲ့အစည်း (EA) ရဲ့ ခန့်မှန်းမှု အရ ဗြိတိန်နိုင်ငံ ရဲ့ နေရာ အချို့ မှာ နောက်ထပ် ၄.၇ လက်မ လောက်ထိ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

သဘာဝပတ်ဝန်းကျင် အဖွဲ့အစည်း (EA)  ကတော့ Ribchester မြို့ မှာရှိတဲ့ Ribble မြစ်အနီးက ၂ နေရာ နဲ့ Whalley မြို့ မှာရှိတဲ့ Calder မြစ် အနီးက ၃ နေရာ တို့ကို အန္တာရာယ် အရှိဆုံး အဖြစ်သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဗြိတိန်နိုင်ငံ ရဲ့  ရေဘေးကာကွယ်ရေး ယာယီ အဟန့်အတားများရဲ့  ၈၀ ရာခိုင်နှုန်းတိတိကိုတော့ ရေလွှမ်းမိုး အဆိုးဆုံးစံချိန်တင်ခဲ့တဲ့ Cumbria မြို့ ကိုပေးပို့ထားရတယ်လို့လည်း EA ကထုတ်ပြန်ပါတယ်။ ဗြိတိန်နိုင်ငံတင်မကပဲ စကော့တလန်နိုင်ငံမှာလည်း အန္တာရာယ်ရှိအဆင့် ၅ နေရာ နဲ့ သတိပေးမှုအဆင့် ၈ နေရာတို့ကို ရေလွှမ်းမိုးမှု သတိပေးချက်အဖြစ် ထုတ်ပြန်ထားရတယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment