Powered by Blogger.

မလေးရှား လေယာဉ်တစ်စီး လမ်းကြောင်းမှားပြီး ပျံသန်းခဲ့




သင်ဟာ ကားတစ်စီးကို မောင်းနှင်နေရင်တော့ လမ်းကြောင်းမှားပြီးမောင်းမိတဲ့အခါ မှာ နောက်ပြန်ကွေ့ ခဲ့လို့ရနိုင်ပါတယ်။ ဒါပေမယ့် လေယာဉ်တစ်စီးကို မောင်းနှင်နေရင်တော့ ပိုပြီး တိကျသေချာနေဖို့လိုပါလိမ့်မယ်။

မလေးရှား လေကြောင်းလိုင်း ရဲ့  လေယာဉ်ခရီးစဉ် Flight ဖြစ်တဲ့ MH132 ဟာ နယူးဇီလန်နိုင်ငံ Auckland မြို့ ကထွက်ခွာလာပြီးတဲ့နောက်မှာ လမ်းကြောင်းမှားပြီး ဦးတည်ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်မောင်းနှင်သူ ပိုင်းလော့ဟာလည်း ခရီးစဉ်စတင်ပျံသန်း ပြီး ၈ မိနစ်အကြာမှာမှ သူတို့ လေယာဉ်ဟာ ကွာလာလန်ပူ ကို ပျံသန်းရမယ့်အစား Melbourne ကို ဦးတည်ပျံသန်းနေတယ်ဆိုတာ သတိထားမိခဲ့တာဖြစ်ပါတယ်။  သူဟာ လေယာဉ်လမ်းကြောင်းထိန်းချုပ်ရေးဌာနကို ဆက်သွယ်ပြီး လေယာဉ်ကို လမ်းကြောင်းမှန်မပြောင်းနိုင်ခင်မှာ ဘာတွေများဖြစ်ခဲ့တာလဲဆိုပြီး မေးမြန်းခဲ့ပါတယ်။

 လေယာဉ်လမ်းကြောင်းထိန်းချုပ်ရေးဌာန က ပြန်ပြောခဲ့တာကတော့ လေယာဉ်ဟာ လေကြောင်းလိုင်းက သတ်မှတ်ပေးတဲ့ လမ်းကြောင်းကိုသာပျံသန်းခဲ့တာဖြစ်ပြီး ဒါဟာ နယူးဇီလန်နိုင်ငံ ဝေဟင် လမ်းကြောင်း သတ်မှတ် ဌာန ရဲ့ မှားယွင်းမှုသာ ဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားလေကြောင်းလိုင်းအတွက်ပြောရေးဆိုခွင့် ရှိသူတစ်ဦးက NZ Herald သတင်းဌာနကို ပြောပြခဲ့တာကတော့ "လေကြောင်းခရီးစဉ်ဟာ ကွာလာလမ်ပူ ကို ပျံသန်းဖို့ပဲ စီစဉ်ထားတာဖြစ်ပြီး လေယာဉ်မှုး မျှော်လင့်ထားတာထက်အနည်းငယ် ခြားနားတဲ့ လမ်းကြောင်းကို ရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်" လို့ ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment