Powered by Blogger.

ပစိဖိတ် သမုဒ္ဒရာ ကို တစ်ယောက်တည်း လှော်ခတ် ဖြတ်သန်းခဲ့သူ





ဗြိတိန် လူမျိုး လှေလှော်ခတ် သူ တစ်ဦးဟာ ကမ္ဘာပေါ်မှာ ပစိဖိတ် သမုဒ္ဒရာကို တစ်ယောက်တည်း မရပ်မနားလှော်ခတ် ဖြတ်သန်း ပြီးစီးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

အသက် ၅၃ နှစ်အရွယ် John Beeden ဟာ သူ့အနေနဲ့ သမုဒ္ဒရာအလယ်မှာ တစ်ယောက်တည်း ရက်ပေါင်း ၂၀၉ ရက်တိတိ ဘယ်လို ဖြတ်သန်းခဲ့ရတယ်ဆိုတာတွေကို ပြောပြလာပါတယ်။

သူဟာ အမေရိကန် ပြည်ထောင်စု ၊ ဆန်ဖရန်ဆစ္စကို မြို့ ကနေ ဇွန်လ ၁ ရက်နေ့မှာ ထွက်ခွာခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်နေ့ ဘောက်ဆင်ဒေးမှာ သြစတြေးလျနိုင်ငံ Cairns မြို့ ကို ပြန်လည် ဆိုက်ကပ်လာခဲ့တာဖြစ်ပါတယ်။ John ဟာ တစ်နေ့ကို ပျမ်းမျှအားဖြင့် ၁၅ နာရီကြာ လှော်ခတ်နေခဲ့ရပြီး သူဟာ ကမ်းပေါ်ကို ရောက်အောင် သွားနိုင်မှာ သေချာတယ်လို့ ယုံကြည်မှု ပြင်းထန်နေခဲ့ပါတယ်။

သမိုင်းကြောင်းတွေအရတော့ အရင်တုန်းကလည်း ပစိဖိတ်ကို လှော်ခတ်ဖြတ်သန်းနိုင်ခဲ့မှုတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အဲဒီ ဖြတ်သန်းနိုင်ခဲ့မှုတွေဟာ အဖွဲ့လိုက်အနေနဲ့ လှော်ခတ်ခဲ့တာဖြစ်ပြီး တစ်ယောက်ချင်း အောင်မြင်ခဲ့တာတော့ မရှိခဲ့ဖူးပါဘူး။ ပစိဖိတ် ကို ပထမဆုံး လှော်ခတ်ဖြတ်သန်းခဲ့သူတွေကတော့ John Fairfax နဲ့ Sylvia Cook တို့ပဲ ဖြစ်ပြီး သူတို့ ၂ ဦးဟာ ၁၉၇၂ ခုနှစ်မှာ ဆန်ဖရန်ဆစ္စကို ကနေထွက်ခွာပြီး သြစတြေးလျနိုင်ငံက ဟေမန်း ကျွန်းစွယ်ကို ဆိုက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

John ရဲ့ ဇနီးဖြစ်သူ Cheryl ကတော့ "သူဟာ အံ့ဖွယ်ယောကျာင်္းတစ်ဦးပါ။ သူဟာ အခြားလူတွေနဲ့ အများကြီး ကွာခြားပါတယ်။ သူဟာ ပြဿဒါးနေ့မှာတောင် မိုင်များစွာ ခရီးရောက်နိုင်ဖို့ အမြဲတမ်းကြိုးစားနေမယ့်သူပါ။ သူဟာ အမြဲတမ်းလှော်ခတ်နေမှာပါ။" လို့ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment