Powered by Blogger.

ကမ္ဘာ့အ၀ဆုံးလူသား ခရစ်စမတ်နေ့ မှာ နှလုံးဖောက်ကာ ကွယ်လွန်




ကမ္ဘာ့အ၀ဆုံးလူသား Andres Moreno ဟာ အသက် ၃၈ နှစ်အရွယ်မှာ နှလုံးဖောက်ကာ ကွယ်လွန်သွားပြီ  ဖြစ်ပါတယ်။

အ၀ဆုံးအချိန်တုန်းက ကိုယ်အလေးချိန် ၉၈၀ ပေါင်အထိ ရှိခဲ့တဲ့ Andres Moreno ဟာ ခရစ်စမတ်နေ့  မနက်အစောပိုင်းမှာပဲ Mexico နိုင်ငံ၊ Sonora ပြည်နယ်၊ Ciudad Obregon မြို့ နေအိမ်ကနေ ဆေးရုံကို အလျင်အမြန်ပို့ ဆောင်ဖို့  လုပ်နေစဉ်မှာပဲ လူနာတင်ကားထဲမှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Andres ဟာ လူနာတင်ကားထဲမှာ နှလုံးခုန်ရုတ်တရက်ရပ်တန့် ကာ သူ့ ကို နှလုံးပြန်ခုန်အောင် မလုပ်ဆောင်နိုင်ခဲ့ကြဘူးလို့  Andres ရဲ့ သတင်းထုတ်ပြန်သူက မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

သေဆုံးချိန်မှာ ကိုယ်အလေးချိန် ပေါင် ၇၀၀ ရှိတဲ့ Andres Moreno ကို ၂၆ ရက်နေ့ က သူ့ ရဲ့ ဇာတိပြည်နယ်မှာပဲ မြေမြှပ်သင်္ဂြိုလ်လိုက်ပြီ ဖြစ်ပါတယ်။

Andres တစ်ယောက် ၀ိတ်လျှော့ပြီး ကျန်းကျန်းမာမာနေနိုင်ဖို့ အားပေးတဲ့အနေနဲ့  ရီးယဲလ်မက်ဒရစ်စူပါစတား  Christiano Ronaldo က ကိုယ်တိုင်လက်မှတ်ထိုးထားတဲ့ ရီးယဲလ်အသင်းအင်္ကျီတစ်ထည်ကို Andres ဆီ ပေးပို့ ခဲ့ပြီး တစ်လအကြာမှာ Andres ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ Andres ဟာ မကွယ်လွန်ခင်က ကိုယ်အလေးချိန်ပေါင် ၉၈၀ ကနေ ၂၆၆ ပေါင်ကို သဘာဝအလျောက် လျော့ချနိုင်ခဲ့ပြီး ကိုယ်အလေးချိန်လျှော့ခွဲစိတ်မှု ခံယူထားသူလည်း ဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : DailyMail
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment