မြောင်းပေါက်ထဲ ကျနေတဲ့ ရက်ကွန်းလေး တစ်ကောင်ကို ကယ်ဆယ်ခဲ့ရ
Massachusetts ကယ်ဆယ်ရေးသမားတွေဟာ ခရစ္စမတ်နေ့အထိမ်းအမှတ်အဖြစ် မြောင်းပေါက်ထဲ ပြုတ်ကျနေတဲ့ ရက်ကွန်းလေးတစ်ကောင်ကို ကယ်တင်ပေးဖို့ ဖုန်းလက်ခံရရှိခဲ့ပါသတဲ့။
Cape Cod ကယ်ဆေးရေးသမားတွေရဲ့ Facebook စာမျက်နှာမှာ ရက်ကွန်းလေးဟာ မြောင်းပေါက်ထဲမှာ ပိတ်မိနေတာဖြစ်ပြီး ခေါင်းကတော့ သံတိုင်တွေကြားထဲကနေ ထွက်နေတာခဲ့တဲ့ ပုံကို တင်ထားခဲ့တာဖြစ်ပါတယ်။
လူတစ်ယောက်က ခရစ္စမတ်မနက်ခင်းမှာ သူ့ခွေးလေးနဲ့အတူ လမ်းလျှောက်ထွက်နေစဉ် တွေ့ရှိခဲ့တာပါတဲ့။
ကယ်ဆယ်ရေးသမားတွေဟာ ရက်ကွန်းလေးကို ဘာထိခိုက်ဒဏ်ရာမှ မရအောင် ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။
မီးသတ်ဌာနရဲ့ Facebook စာမျက်နှာမှာတော့ “ ရက်ကွန်းလေးအတွက် ပျော်စရာခရစ္စမတ်ဖြစ်သွားတာပေါ့” လို့ ရေးသားထားခဲ့ပါတယ်။
( Michelle )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : UPI
0 comments:
Post a Comment