Powered by Blogger.

သူစိမ်းအမျိုးသား နဲ့ နီးကပ်စွာ နေထိုင်မှုကြောင့် အင်ဒို ကျောင်းသူ တစ်ဦး ကြိမ်ဒဏ်ပေးခံရ




အင်ဒိုနီးရှားနိုင်ငံက တက္ကသိုလ် ကျောင်းသူတစ်ဦးဟာ သူမနဲ့ လက်ထပ်ထားခြင်း မရှိတဲ့ သူစိမ်းအမျိုးသား တစ်ဦးနဲ့ နီးကပ်စွာ နေထိုင်ခဲ့မှုကြောင့် ကြိမ်ဒဏ် အပြစ်ပေးခံခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၂၀ အရွယ် Nur Elita ဆိုသူ အမျိုးသမီးဟာ အင်ဒိုနီးရှားနိုင်ငံ ၊ Banda Aceh မြို့ မှာရှိတဲ့ Baiturrahumin ဗလီ အတွင်းက စင်မြင့်အထက် အခြား တက္ကသိုလ်ကျောင်းသူများ ရှေ့ မှောက်မှာ ကြိမ်ဒဏ် အပြစ်ပေးခံရပြီးတဲ့နောက်မှာ လူနာတင်ယာဉ်နဲ့ ခေါ်ဆောင်သွားခဲ့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာတရားဝင် ပြဋ္ဌာန်းထားတဲ့ အစ္စလာမ်ဘာသာရေး ဥပဒေ(Sharia Law) အရ လက်ထပ်ထားခြင်းမရှိ ၊ ဆွေမျိုးတော်စပ်ခြင်းမရှိတဲ့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ နီးကပ်စွာ နေထိုင်ခွင့်မရှိပါဘူး။

Elita ဟာ စင်မြင့်ပေါ်ရောက်တဲ့အခါမှာ ကြည့်ရှုသူလူထု ရဲ့  အော်ဟစ်သံများနဲ့အတူ  ဒူးထောက်ဖို့ စေခိုင်းခံရပြီး မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသားတစ်ဦးဟာ သူမကို ကြိမ်လုံးနဲ့ ကျောပြင်ကို ၅ ချက် တိတိ ရိုက်နှက်ခဲ့ပါတယ်။ ရိုက်နှက်မှုပြီးသွားတဲ့အခါမှာတော့ Elita ဟာ စင်ပေါ်မှာ လဲကျသွားပြီး နာကျင်မှု ဒဏ်ကို ဆို့နင့်စွာခံစားခဲ့ရပါတယ်။

အလားတူ ကြိမ်ဒဏ် အပြစ်ပေးခံခဲ့ရတာကတော့ Elita နဲ့ နီးကပ်စွာနေထိုင်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသား Wahyudi Saputra ပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ ဒူးမထောက်စေပဲ မတ်တပ်ရပ်သာ ကြိမ်ဒဏ်ပေးခဲ့တာဖြစ်ပါတယ်။ အခြား ကြိမ်ဒဏ်သင့်ခဲ့တဲ့ အမျိုးသား ၄ ယောက်ကတော့ လောင်းကစား ပြုလုပ်ခဲ့ခြင်းကြောင့် အပြစ်ပေးခံခဲ့ရတာပါ။

အစ္စလာမ်ဘာသာရေး ဥပဒေ(Sharia Law) အရ လောင်းကစားပြုလုပ်ခြင်းဟာ လည်း တားမြစ်ခံထားရ ပါတယ်။ ထို ကြိမ်ဒဏ် အပြစ်ပေးပွဲကိုတော့ Benda Aceh မြို့ ရဲ့  လက်ထောက် မြို့ တော်ဝန် Zainal Arifin ကိုယ်တိုင်လာရောက်ကြည့်ရှုခဲ့ပြီး အခုလို လူထုရှေ့ မှာ အပြစ်ပေးခြင်းဟာ အားလုံးကို သင်ခန်းစာ ယူနိုင်စေမယ့် ရည်ရွယ်ချက်သာ ဖြစ်တယ်လို့ Arifin က ဆိုပါတယ်။

Benda Aceh မြို့  ဟာ ၂၀၀၃ ခုနှစ်မှာ အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိခဲ့ပြီးနောက်မှာပဲ အစ္စလာမ်ဘာသာရေး ဥပဒေ(Sharia Law) ကို တရားဝင် ပြဋ္ဌာန်းထားခဲ့တဲ့ တစ်ခုတည်းသော အင်ဒိုနီးရှားနိုင်ငံ ရဲ့  မြို့  ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror



Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment