Powered by Blogger.

ကားလမ်းပေါ်လှဲပြီး ဆယ်လ်ဖီရိုက်တဲ့ လူငယ် ၂ ဦး ထရပ်ကား တက်ကြိတ်မိ၍သေဆုံး




ဆယ်ကျော်သက် လူငယ် ၂ယောက်ဟာ ကားလမ်းမပေါ်မှာလဲလျောင်း ပြီး ဆယ်လ်ဖီ ဓါတ်ပုံ ရိုက်ဖို့ ကြိုးစားနေရာကနေ ထရပ်ကား တက်ကြိတ်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

တူရီကီ နိုင်ငံက လူငယ် အမျိုးသား ၅ ဦးဟာ ကားတစ်စီးကို ငှားရမ်းပြီး Alanya မြို့ ကနေ တူရကီ နိုင်ငံ အနောက်တောင် ကမ်းရိုးတန်း မှာရှိတဲ့ Antalya မြို့ ကို Road Trip ခရီးထွက်လာခဲ့ကြပါတယ်။

အသက်ရှင်ကျန်ရစ်ခဲ့သူ လူငယ်လေးတွေရဲ့ ပြောကြားချက်အရတော့ သူတို့ ကားမောင်းနေရင်း သူတို့ ရဲ့  လမ်းတည့်တည့် မှာရှိနေတဲ့ လေဆိပ်ကို လေယာဉ်တစ်စီး က ဆင်းသက်ခါနီးဖြစ်တဲ့အတွက် သူတို့ ၅ ယောက်ဟာ လမ်းပေါ်မှာ လဲလျောင်းပြီး လေယာဉ်က သူတို့ ပေါ်တည့်တည့် ဆင်းလာတဲ့ ပုံစံမျိုးဖြစ်အောင် ဓါတ်ပုံ ရိုက်ကူးဖို့ အိုင်ဒီယာ ရသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း အချိန်ဟာ ည ၉ နာရီခန့် ရှိနေပြီဖြစ်တဲ့အတွက် လော်ရီ ထရပ်ကား မောင်းနှင်သူဟာ သူတို့ကို မမြင်ပဲ တက်ကြိတ်မိခဲ့ရာမှာ အသက် ၁၇ နှစ်အရွယ် Muhammet Bozkurt နဲ့ အသက် ၁၉ နှစ်အရွယ် Caglar Savasci တို့ဟာ ပွဲချင်းပြီးသေဆုံးသွားခဲ့ရပါတယ်။ ကျန်တဲ့ လူငယ် ၃ ယောက်ဟာတော့ ဘေးကို လှိမ့်ရှောင်လိုက်နိုင်တဲ့အတွက် ကားနဲ့ တက်ကြိတ်ခံရမှု ကနေ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ရဲ တပ်ဖွဲ့ဝင်တွေရဲ့ ပြောကြားချက်အရ တော့ သူတို့ ၅ ယောက်ဟာ အရက်လည်း သောက်ထားတယ်လို့ ဆိုပါတယ်။ ထို ဖြစ်စဉ်တစ်ခုလုံးကိုတော့ တက်ကြိတ်ခဲ့တဲ့ ယာဉ်မောင်း ကိုယ်တိုင်ပဲ ရဲတပ်ဖွဲ့ ၀င်တွေကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ အလောင်းတွေကိုတော့ အနီးဆုံးမှာရှိတဲ့ Akdeniz တက္ကသိုလ် ဆေးပညာ ဌာနကို ပို့ဆောင်ထားပြီး ရဲတွေကတော့ စုံစမ်းစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment