Powered by Blogger.

Florida တိရစ္ဆာန်ရုံမှာ မွေးဖွားခဲ့တဲ့ မျောက်လွှဲကျော်ပေါက်စလေး




Florida ပြည်နယ် Tampa ရှိ Lowry Park တိရိစ္ဆာန်ရုံမှာ မျောက်လွှဲကျော် အထီးလေးတစ်ကောင်ကို ခရစ္စမတ်နေ့မတိုင်ခင် မွေးဖွားခဲ့ပါသတဲ့။

မျောက်ကလေး နာမည်ကတော့ GoJo ဖြစ်ပြီး ဖေဖေ Goyang နဲ့ မေမေ Josie တို့က ဒီဇင်ဘာ ၂၁ ရက်နေ့က ဖွားမြင်ခဲ့တာဖြစ်ပါတယ်။

“Josie က မျောက်ကလေးကို ခက်ခက်ခဲခဲ မွေးခဲ့ရတာ ပြီးတော့ မွေးပြီးပြီးချင်းပဲ မျောက်ကလေးကို သူကိုယ်တိုင် သန့်ရှင်းရေးလုပ်ပေးခဲ့တာ။ Josie မှာ ၁၀နှစ်အရွယ် သမီးကလေး Hadiah လို့ခေါ်တဲ့ မျောက်မလေးတစ်ကောင်မွေးထားလည်းတာရှိပါတယ် “ လို့ တိရိစ္ဆာန်ရုံရဲ့ ဆေးဝါးသိပ္ပံညွှန်ကြားရေးမှူး Dr. Ray Ball က ဆိုပါတယ်။

GoJo ဟာ အသက် ၃၀ ရှိပြီဖြစ်တဲ့ Josie ရဲ့ စတုတ္ထမြောက် ရင်သွေးလေးဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment