Powered by Blogger.

ISIS အဖွဲ့က မုဒိမ်းကျင့်ခြင်းဆိုင်ရာ လက်စွဲစာအုပ်ကို ထုတ်လုပ်ထားတယ်လို့ သိရ




ဘာသာရေး အစွန်းရောက် အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ ISIS အဖွဲ့ဟာ မုဒိမ်းကျင့်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအတွက် လမ်းညွှန်ချက်တွေ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ထိုစည်းမျဉ်းစည်းကမ်းတွေဟာတော့ ISIS အကြမ်းဖက်အဖွဲ့အစည်းရဲ့  အဖွဲ့ဝင်တွေအနေနဲ့ သူတို့ရဲ့ လိင်ကျွန်တွေကို ဘယ်လိုဆက်ဆံ ရမယ်ဆိုတဲ့ စည်းကမ်းချက်တွေပါဝင်ပါတယ်။ ထိုစည်းမျဉ်းစည်းကမ်းတွေကိုတော့ အီရတ် နဲ့ ဆီးရီးယားတို့မှာရှိတဲ့ Raqqa နဲ့ Mosul မြို့ တို့မှာရောက်နေတဲ့ အဖွဲ့ဝင်တွေအတွက် ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"Fatwa" လို့ခေါ်တဲ့ ထို မုဒိမ်းကျင့်ခြင်း စည်းမျဉ်းစည်းကမ်း တွေကို ဖော်ပြတဲ့ လက်စွဲစာအုပ်ကို တော့ ဇန်န၀ါရီလ မှာ ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ အမေရိကန် အထူးအော်ပရေးရှင်း စစ်တပ် ကထုတ်ပြန်တဲ့ ပြန်တမ်းထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

Al-Azhar တက္ကသိုလ် မှာရှိတဲ့ အစ္စလာမ်ဘာသာရေးဆိုင်ရာ နည်းပညာကျွမ်းကျင်သူ ပရော်ဖက်ဆာ Abdel Fattah Alawari ကတော့ "ISIS တွေဟာ အစ္စလာမ် ဘာသာဝင်တွေနဲ့ ဘာမှ မပတ်သက်ပါဘူး။ သူတို့ဟာ ကိုရမ် ကျမ်းစာ ရဲ့ ဖော်ပြချက်တွေကို မှားယွင်းစွာ ဖတ်ရှုနေကြတာပါ" လို့ ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror



Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment