Powered by Blogger.

ဗြိတိန်အာကာသယဉ်မှူးအာကာသထဲမှနေ၍ဖုန်းမှားခေါ်မိ


ဘယ်သူမဆိုဖုန်းနံပါတ်မှားဆက်တာတွေ၊ ဖုန်းမှားခေါ်တာတွေကို မကြာခဏ ပြုမိတတ်ကြပါမှာပါ၊ ဒါပေမယ့် အာကာသထဲကနေမှားခေါ်တာကတော့ မကြာခဏဖြစ်လေ့ရှိတာမဟုတ်ပါဘူး၊

ဗြိတိန်အာကာသယဉ်မှူး Tim Peake က Twitter မှာ သူ ခရစ္စမတ်နေ့က အာကာသထဲကနေဖုန်းမှားခေါ်မိတဲ့အတွက် တောင်းပန်တဲ့အကြောင်း Twitt တစ်ခုကိုတင်ခဲ့တာပါ၊

သူက "ကျွန်တော့်အနေနဲ့ ဖုန်းနံပါတ်မှားနှိပ်ပြီး 'ဟယ်လို ဒါကကမ္ဘာမြေပေါ်ကလားခင်ဗျာ' လို့ဖုန်းကိုင်တဲ့ အမျိုးသမီးကိုပြောလိုက်ပါတယ်၊ အဲ့ဒီအတွက်တောင်းပန်ပါတယ်၊ ဖုန်းသရဲလုပ်ပြီး စနောက်ခေါ်တာမဟုတ်ပါဘူး" လို့ ရေးတင်ခဲ့တာပါ၊

အသက်၄၃နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟယ်လီကော်ပတာပိုင်းလော့ဟောင်း အာကာသယဉ်မှူးက သူဘယ်သူ့ကိုခေါ်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး၊


(Blue Lion)


#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref : Fox News
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment