Powered by Blogger.

အိန္ဒိယနိုင်ငံ ဘာသာရေးပွဲတွေမှာ အသုံးပြုခဲ့တဲ့ နွားချေးခြောက် ကို အွန်လိုင်း မှာ ရောင်းချ




Amazon နဲ့ eBay ရှိ အွန်လိုင်းရောင်းချသူတွေဟာ အိန္ဒိယနိုင်ငံရှိ အွန်လိုင်းဈေးဝယ်သူတွေ ရှာဖွေဝယ်ယူနေရတဲ့ နွားချေးတွေကို အလုံအလောက်ရောင်းချပေးနေပါပြီတဲ့။

ဒီကုန်ပစ္စည်းဟာ တိရစ္ဆာန်တွေရဲ့ အညစ်အကြေးနဲ့ မြက်ခြောက်အရောအနှောတို့ပါဝင်ပြီး အဓိကအားဖြင့် ဝေးလံခေါင်ဖျားတဲ့ ဒေသတွေရှိ အမျိုးသမီးများက လောင်စာမီးအဖြစ် အဓိကအသုံးပြုလေ့ရှိပါသတဲ့။

ဒီပစ္စည်းကို အိန္ဒိယရဲ့ ရွာလမ်းတွေပေါ်မှာတောင် ဟိုအရင်က ရရှိနိုင်ပါတယ်။

ဒါပေမယ့် ခုအခါမှာတော့ Amazon နဲ့ eBay တို့ရှိ အွန်လိုင်းရောင်းချသူတွေဟာ နိုင်ငံရဲ့တိုးတက်များပြားလာတဲ့ လူဦးရေကြောင့် လူတိုင်းဆီကို ရောင်းချနိုင်ဖို့ ကြိုးစားလာကြတာဖြစ်ပါတယ်။

တစ်ချို့ရောင်းချသူတွေဆိုရင် အော်ဒါအများအပြားမှာယူသူတွေအတွက် လျော့ဈေးအစီစဉ်တွေ ပြုလုပ်ပေးနေပြီး တစ်ချို့ ၀ယ်ယူသူတွေကတော့ လက်ဆောင်ပေးမှာဖြစ်လို့ လှလှပပတောင် ထုတ်ပိုးခိုင်းနေပါသတဲ့။

အိန္ဒိယမှာ ဟိန္ဒူကိုးကွယ်သူတွေဟာ နွားတွေကို အထွတ်အမြတ်ထားလေ့ရှိကြပြီး နွားချေးခြောက်ကိုတော့ ဟိန္ဒူဘာသာရေးပွဲတွေမှာ ချက်ပြုတ်ဖို့ လောင်စာမီးအဖြစ် အသုံးပြုလေ့ရှိကြတာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment