Powered by Blogger.

ကာဗွန်ထုတ်လုပ်မှု လျှော့ချနိုင်မယ့် ရေအောက်မြို့ တော် စီမံကိန်း




လက်ရှိရောက်နေတာပါ ၂၀၁၅ ပါ။ ဒါပေမယ့် ၃၀၀၀ ခုနှစ်လောက်ထိ ခေတ်ရှေ့  ပြေးနေတဲ့ ရေအောက် မြို့ ပြဒီဇီုင်းတစ်ခုကို ဗိသုကာ ပညာရှင်တစ်ဦးက ချပြလိုက်ပါတယ်။

သူ ဒီဇိုင်းရေးဆွဲထားတဲ့ ရေအောက် အဆောက်အဦးကြီးတွေဟာ လူဦးရေ ၂ သောင်းခန့် နေထိုင်နိုင်ပြီး အလုပ်လုပ်ကိုင်နိုင်ပါတယ်။ ပြောရမယ်ဆိုရင် ဒါဟာ အရွယ်အစား သိပ်မကြီးတဲ့ မြို့ တစ်မြို့  စာလောက်ရှိပါတယ်။ ဗိသုကာ ပညာရှင် Vincent Callebaut က ပြောပြခဲ့တာကတော့ သူဟာ ဒီအဆောက်အဦးတွေကို ဒီဇိုင်းရေးဆွဲရာမှာ လူတွေရဲ့  ကာဗွန်ထုတ်လုပ်မှုကို လျှော့ချနိုင်ဖို့အတွက်လည်း ဖြစ်ပါတယ်တဲ့။

သဘာဝပတ်ဝန်းကျင် ထိန်းသိပ်းပေးနိုင်မယ့် တည်ဆောက်ပုံတွေကြောင့် စက်သုံးလောင်စာဆီကို လိုအပ်တော့မှာမဟုတ်ပဲ ထိုအဆောက်အဦးတွေကနေ စွမ်းအင်နဲ့ အပူဒဏ်ကို ထုတ်လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ Vincent ဟာ အဲဒီလို ရေအောက်အဆောက်အဦးများစွာပါဝင်မယ့် ရေအောက်မြို့ တော်ကိုတော့ "Aequorea" လို့ အမည်ပေးထားပါတယ်။

ရေအောက် အဆောက်အဦးတစ်ခုစီတိုင်းမှာ အလွှာ ၂၅၀ စီပါရှိပြီး  ၁ ကီလိုမီတာ ရဲ့  ထက်ဝက်ခန့် ကျယ်ဝန်းပါတယ်။ ထိုအဆောက်အဦးတွေရဲ့ ဝင်ပေါက်ကတော့ ဂျယ်လီငါးတွေလို မျက်နှာပြင်ကနေ ၀င်ရမှာဖြစ်ပါတယ်။

ရေသန့်ကိုတော့ ရေဖိအားကို အသုံးပြုထားတဲ့ ဓါတ်အားပေးစက်ကနေ ရေငန်မှာပါဝင်မယ့် ဆားဓါတ်ကို ဖယ်ရှားပေးခြင်းနဲ့ ရရှိနိုင်မှာပါ။ အောင်ဆီဂျင်ကတော့ ထိုအဆောက်အဦးတွေထဲမှာရှိတဲ့ မီးခိုးခေါင်းတိုင်က တဆင့် ပြန်လည် ဆန်းသစ်တဲ့ နည်းပညာနဲ့ ထုတ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဘယ်လ်ဂျီယံ နိုင်ငံသား ဗိသုကာ ပညာရှင် Vincent ရဲ့  ပြောကြားချက်အရ ထို ရေအောက်မြို့ တော်မှာ ရိက္ခာအတွက် ထွန်ယက်စိုက်ပျိုးခြင်း ၊ မွေးမြူရေးလုပ်ငန်း နဲ့ ငါးဖမ်းခြင်းတို့ကနေ ရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ သူ ဒီဇီုင်းရေးဆွဲထားတဲ့ အဆောက်အဦးထဲမှာ သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်နိုင်တဲ့ကျေးရွာ(Eco-Village) တွေပါဝင်ပြီး ထို eco-village တွေမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ စိုက်ပျိုးဖို့အတွက်တော့ ဖြစ်နိုင်ခြေရှိပြီး ငါးဖမ်းခြင်းကတော့ ရေထဲမှာ ဖြစ်နေတဲ့အတွက် လွယ်ကူနိုင်မှာပါ။

အဲဒီလို eco-village မျိုးတည်ဆောက်ဖို့အတွက် စတုရန်းမီတာ ၁ မီတာကို စတာလင်ပေါင် ၁၄၃၀ ခန့်ကုန်ကျမှာဖြစ်ပြီး ရေအောက်မြို့ တော်စီမံကိန်း အထောင်အထည်မဖော်နိုင်သေးရင်တောင် ဒီ eco-village တွေကတော့ ကမ္ဘာတစ်ဝှမ်းကို ကျယ်ပြန့်စွာ ရောက်ရှိလာလိမ့်လို့ ယုံကြည်ကြောင်း Vincent က ဆိုပါတယ်။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment