Powered by Blogger.

ကွာလာလမ်ပူ လေဆိပ်မှာ စွန့် ပစ်ထားတဲ့လေယာဉ်သုံးစီးရဲ့ ပိုင်ရှင်ကို လေဆိပ် အကြီးအကဲတွေ ရှာဖွေနေ




Boeing 747 လေယာဉ်သုံးစီးဟာ ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပိုင်ရှင်မဲ့အဖြစ် ရပ်ထားတာ တစ်နှစ်ကျော်သွားခဲ့ပြီဖြစ်ပါတယ်။

လေဆိပ်ရဲ့ နိုင်လွန်ကတ္တရာခင်းထားတဲ့လေဆိပ်ပြေးလမ်းပေါ်မှာ ပစ်ထားခဲ့တဲ့  ဒီ Boeing 747 လေယာဉ်သုံးစီးရဲ့ပိုင်ရှင်တွေကို လေဆိပ်အကြီးအကဲတွေဟာ သတင်းစာကြော်ငြာနဲ့ တကွ ရှာဖွေလျက်ရှိပါတယ်။

ဆင်စွယ်ရောင်လေယာဉ်တစ်စီးနဲ့ အဖြူရောင်နှစ်စီးဟာ လေဆိပ်မှာ ရောက်နေတာ တစ်နှစ်ကျော်ကြာပြီလို့  သိရပါတယ်။

မှတ်တမ်းတွေအရတော့ ဒီလေယာဉ်တွေကို Air Atlanta Icelandic လေကြောင်းလိုင်းက ပိုင်ဆိုင်ခဲ့ဖူးတယ်လို့  ဆိုပြီး လေကြောင်းလိုင်းဟာ ဒီလေယာဉ်တွေကို ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာကို လေယာဉ်တွေ မရောက်ခင် ၂၀၀၈ ခုနှစ်ကတည်းက ရောင်းချထားတာဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံရဲ့လေဆိပ်တွေကို စီမံကွပ်ကဲတဲ့ Malaysia Airports ကုမ္ပဏီက ယခုအခါ ဒေသတွင်း သတင်းစာနှစ်စောင်ဖြစ်တဲ့ The Star နဲ့ Sin Chew Daily တို့ မှာ ပိုင်ရှင်ကို ရှာတွေ့ ဖို့ အတွက် ကြော်ငြာထည့်ထားပါတယ်။

အကယ်၍ ဒီခရီးသည်တင်လေယာဉ်နှစ်စီးနဲ့ ကုန်တင်လေယာဉ်တစ်စီးတို့ ကို ၁၄ ရက်အတွင်း လာရောက် တောင်းဆိုခြင်းမပြုပါက ရောင်းချ (ဒါမှမဟုတ်) ဖျက်ဆီးပစ်သွားမယ်လို့ သတိပေးထားပါတယ်။

Malaysia Airports ရဲ့ အထွေထွေမန်နေဂျာ Zainol Mohd Isa က “ ဘာလို့ သတင်းမပြန်တာလဲ ဆိုတာတော့ ကျွန်တော်လည်းမသိပါဘူး။ ဖြစ်နိုင်စရာအများကြီးရှိပါတယ်။ တစ်ခါတစ်ရံ လုပ်ငန်းဆက်လည်ပတ်ဖို့  ပိုက်ဆံမရှိတော့လို့ ပစ်ထားတာလည်း ရှိနိုင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ကွာလာလမ်ပူလေဆိပ်မှာ စွန့် ပစ်ထားတဲ့လေယာဉ်တွေ အများအပြားရှိခဲ့ပြီး ကိုးဆယ်ခုနှစ်တွေတုန်းက လေယာဉ်တစ်စီးကို နောက်ဆုံးမှာ ကွာလာလမ်ပူမြို့ ရဲ့ ဆင်ခြေဖုံးအရပ်မှာ စားသောက်ဆိုင်လုပ်ပစ်ခဲ့တယ်လို့ လည်း သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment