Powered by Blogger.

သမ္မတဆီက ငြိမ်းချမ်းရေးဆု တက်ယူနေတုန်းမှာ ဘောင်းဘီကျွတ်ကျခဲ့တဲ့ အမျိုးသား




ခရိုအေးရှားနိုင်ငံက လူ့ အခွင့်အရေးလှုပ်ရှားသူတစ်ဦးဟာ နိုင်ငံရဲ့သမ္မတဆီက အရေးပါတဲ့ဆုတစ်ဆု တက်ယူနေတုန်းမှာ ဘောင်းဘီကျွတ်ကျခဲ့တာကြောင့် အရှက်တကွဲဖြစ်ခဲ့ရပါတယ်။

ခရိုးအေးရှားအမျိုးသမီးသမ္မတ Kolinda Grabar-Kitarovic ဆီက ဂုဏ်ပြုလက်မှတ်ကို လူ့ အခွင့်အရေးလှုပ်ရှားသူ Ivan Zvonimir Cicak တစ်ယောက် လက်ခံရယူနေတုန်းမှာ အခုလို ဖြစ်ရပ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ခရိုအေးရှားနိုင်ငံ၊ဟယ်စင်ကီးလူ့ အခွင့်အရေးကော်မတီရဲ့အကြီးအကဲဖြစ်တဲ့ Ivan Zvonimir Cicak တစ်ယောက် သမ္မတဆီက ဆုလက်ခံနေတုန်းမှာ ခြေချင်းဝတ်ထိ ဘောင်းဘီပုံလျက်သားကျွတ်ကျခဲ့ပြီး မျက်နှာကြီးနီမြန်းနေပုံကို အမိအရ ဓာတ်ပုံ ရိုက်ကူးနိုင်ခဲ့တာဖြစ်ပါတယ်။ ထို့ နောက်မှာတော့ Cicak ဟာ ပုံလျက်သားကျနေတဲ့ဘောင်းဘီကို ဆွဲတင်ဝတ်ကာ ရှက်ကိုးရှက်ကန်းနဲ့ ပွဲ ပြီးသည်အထိ နေခဲ့ရပါတယ်။

ကံကောင်းစွာပဲ၊ Cicak တစ်ယောက် ဘောင်းဘီကျွတ်ကျချိန်မှာ သမ္မတ Grabar-Kitarovic ကိုင်ထားတဲ့ ဂုဏ်ပြုဆုလက်မှတ်အကြီးကြီးက Cicak ရဲ့ အောက်ခံဘောင်းဘီနေရာကို ကာပေးထားသလိုဖြစ်နေခဲ့တာ ကြောင့်လည်း Cicak ဣဒြေ္ဒမပျက်နေနိုင်ခဲ့တာပါ။

ဆုပေးနေတဲ့သမ္မတဟာ Cicak တစ်ယောက် ဘောင်းဘီကျွတ်ကျချိန်မှာ အောက်ဘက်ကို ဖျတ်ခနဲ တစ်ချက်ကြည့်ပြီး၊ ဘောင်းဘီပြန် ကုန်းဝတ်နေချိန်မှာ တစ်ချက်ပြုံးခဲ့တာကလွဲလို့  ဟန်မပျက်ပဲ ပွဲကို ဆက်ထိန်းသွားခဲ့ပါတယ်။

အဆိုပါဆုဟာ ဒီဇင်ဘာ ၁၀ ရက်နေ့ မှာကျရောက်မယ့်၊ အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးနေ့ မတိုင်ခင်မှာ၊ ခရိုအေးရှားမြို့ တော်၊ Zagreb မှာရှိတဲ့ Cicak တို့ ကော်မတီရဲ့လူ့ အခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုတွေ အတွက် ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment