Powered by Blogger.

တရုတ်နဲ့ ဆက်ဆံရေးတိုးတက်စေဖို့ အတွက် ဘေဂျင်းမြို့ ဆီ မိန်းကလေးဂီတအဖွဲ့ တစ်ဖွဲ့  ကင်ဂျုံအန် စေလွှတ်




မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ သူ့ ရဲ့ ကိုယ်ပိုင် အမျိုးသမီးတေးဂီတအဖွဲ့ တစ်ဖွဲ့ ကို တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ မှာ ရှိုးပွဲသုံးပွဲဖျော်ဖြေဖို့ အတွက် စေလွှတ်လိုက်ပါတယ်။

ရက်သတ္တပတ်ရှည်ကြာမယ့် အဆိုပါခရီးစဉ်ဟာ လာမယ့်ကုလသမဂ္ဂအစည်းအဝေးမတိုင်မီ  ပြုံယမ်းနဲ့ ဘေဂျင်းတို့ အကြား ဆက်ဆံရေးကို တိုးတက်စေဖို့  ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ မိန်းကလေးဂီတအဖွဲ့ ၊ Moranbong ကို အာဏာရှင်ကင်ဂျုံအန်ကိုယ်တိုင် ၂၀၁၂ ခုနှစ်မှာ ဖွဲ့ စည်း ပေးခဲ့တာဖြစ်တယ်လို့ ယူဆရပါတယ်။

မြောက်ကိုရီးယားရဲ့ချစ်လှစွာသောခေါင်းဆောင်ကြီးရဲ့ နွေးထွေးတဲ့နှလုံးသား၊ ချိုမြတဲ့အပြုံးတို့ ကို ဂုဏ်ပြုစပ်ဆို ထားတဲ့ မျိုးချစ်စိတ်ထက်သန်တဲ့မြောက်ကိုရီးယားသီချင်းတွေ ပါဝင်တဲ့ မိန်းကလေးအဖွဲ့ ဖျော်ဖြေမယ့် သီချင်းတွေကို ကင်ဂျုံအန် ကိုယ်တိုင်ရွေးချယ်ပေးတယ်လို့ လည်းသိရပါတယ်။

မိန်းကလေးအဖွဲ့ ဟာ အနောက်တိုင်းနာမည်ကြီးသီချင်းတွေဖြစ်တဲ့ My Way တို့ ၊ Rocky ဇာတ်ဝင်တေး ကို လျှပ်စစ်တယောနဲ့ ပြန်တီးခတ်မှု စတာတွေကိုလည်း ဖျော်ဖြေလေ့ရှိပါတယ်။

ဖျော်ဖြေပွဲအတွက် လက်မှတ်တွေကို အထူးဖိတ်ကြားထားတဲ့ဧည့်သည်တွေအတွက်သာ ပေးသွားမှာ ဖြစ်ပြီး အများပြည်သူကို ရောင်းချသွားမှာမဟုတ်ဘူးလို့ လည်း သိရပါတယ်။ ဘေဂျင်းမြို့ မှာရှိတဲ့ အမျိုးသားဖျော်ဖြေရေးစင်တာမှာ ကျင်းပသွားမှာဖြစ်တယ်လို့  မြောက်ကိုရီးယားအစိုးရပိုင် သတင်းအေဂျင်စီဖြစ်တဲ့ KCNA က ထုတ်ပြန်ထားပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment