Powered by Blogger.

Toronto Mall က အမိုက်စား ဖက်ရှင်ကျတဲ့ ခရစ်စမတ်ဘိုးဘိုးငယ်ငယ်လေး




Toronto ရှိ Yorkdale Mall မှာ ဈေးဝယ်လာသူတွေ Selfie တွဲရိုက်လို့ရအောင် သမရိုးကျ ခရစ်စမတ်ဘိုးဘိုးမဟုတ်ဘဲ အလန်းစား Santa ကို ထားရှိပေးခဲ့ပါသတဲ့။
နှစ် ၃၀ နီးပါး မော်ဒယ်အဖြစ်ရပ်တည်လာသူ Paul Mason က Sick Kids ဖောင်ဒေးရှင်းအတွက် အလှူငွေကောက်ခံဖို့အတွက် စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး Fashion Santa အဖြစ်ဝတ်ဆင်ပြီး လာတဲ့ ဧည့်သည်တွေနဲ့အတူ ဓါတ်ပုံတွဲရိုက်ကာ #YorkdaleFashionSanta ဆိုပြီး လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားခဲ့တာဖြစ်ပါတယ်။

ဧည့်သည်တွေနဲ့ ဓါတ်ပုံတွဲရိုက်တဲ့အပြင် Mason က ဈေးဝယ်စင်တာအတွက် ကြော်ညာတဲ့ပုံတွေနဲ့ ဖက်ရှင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုပါ တွဲဖက်တင်ထားခဲ့တာ ဖြစ်ပါတယ်။

Fashion Santa က လူကြီးတွေအတွက် ရည်ရွယ်ပြီး ဖက်ရှင်ကျတဲ့ ၀တ်စုံကို ၀တ်ဆင်ထားတဲ့အတွက် သမရိုးကျ Santa ထက်တော့ ထူးခြားနေပါတယ်။

 “ Fashion Santa မှာ ထိုင်ခုံမရှိပါဘူး၊ ကျွန်တော်က Santa တွေထဲက အငယ်ဆုံးညီလေးပါ.. ပိန်ပိန်ပါးပါး Santa ပါခင်ဗျ လို့လည်း ခဏခဏ ပြောရတယ်ဗျာ့” လို့ Mason က CBC သတင်းဌာနကို ပြောထားပါသေးတယ်။



( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment