Powered by Blogger.

စိတ်ဓာတ်ကျနေတဲ့ မိခင်က သမီးနှစ်ယောက်လုံးကို ဓားနဲ့ ထိုးသတ်ကာ မိမိကိုယ်ကိုပါသတ်သေခဲ့



 
ဝမ်းနည်းစိတ်ဓာတ်ကျနေတဲ့မိခင်တစ်ဦးဟာ သူမရဲ့သမီးငယ်နှစ်ဦးလုံးကို ဓားနဲ့ ထိုးသတ်ကာ မိမိကိုယ်ကိုပါ ထိုးသတ်ခဲ့မှု အင်္ဂလန်နိုင်ငံ၊ စတတ်ဖို့ ဒ်ရှိုင်းယားပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။အသက် ၂၇ နှစ်အရွယ် Marta Galikowska ဟာ အသက်ငါးနှစ်အရွယ် သမီးဖြစ်သူ Maja ရဲ့ မေးရိုးအောက်မှာ အကြိတ်ဖုတစ်ဖုကို တွေ့ ရှိခဲ့ပြီးနောက် သမီးဖြစ်သူ ကင်ဆာဖြစ်နေပြီလို့ အထင်မှားခဲ့တာ ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူ အလုပ်သွားနေတုန်း စတုတ်အွန်ထရန့် (Stoke-on-Trent) မြို့ က မိသားစုနေထိုင်ရာအိမ်မှာ  မိခင်ဖြစ်သူ Marta ဟာ သမီးအကြီး Maja ကို ဓားနဲ့ အသေထိုးသတ်ခဲ့ပြီး တစ်နှစ်ခွဲကျော်သာရှိသေးတဲ့ အငယ်ဆုံးသမီး Olga ကိုပါ ထိုးသတ်ခဲ့ပါတယ်။ ထို့ နောက်မှာတော့ သူမဟာ ကိုယ့်ကိုကိုယ်ပါသတ်သေသွားခဲ့ တာဖြစ်ပါတယ်။

Marta ရဲ့ ခင်ပွန်းဖြစ်သူ အသက် ၂၈ နှစ်အရွယ်၊ Marcin Galikowskin တစ်ယောက် အလုပ်ကပြန်လာချိန်မှာ တော့ ဇနီးနဲ့ သမီးလေးတွေရဲ့ အလောင်းကို သေဆုံးလျက်သားတွေ့ ရှိခဲ့ရတာပါ။ 
လွန်ခဲ့တဲ့နှစ်၊အောက်တိုဘာ ၁၂ ရက်က ဖြစ်ပွားခဲ့တဲ့အဆိုပါအမှုမှာ ခင်ပွန်းဖြစ်သူကို အစက ဖမ်းဆီးထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တရားသေလွှတ်ပေးလိုက်ပါတယ်။

ယခုလ၊ ဗုဒ္ဓဟူးနေ့ က အဆိုပါအမှုကို ကြားနာစစ်ဆေးခဲ့ရာမှာ မိခင်ဖြစ်သူဟာ ကလေးတွေကော၊ ကိုယ့်ကိုကိုယ်ပါ သတ်ပစ်ချင်တယ်လို့ ခင်ပွန်းကို ပြောခဲ့ဖူးပြီး၊  လူသတ်မှုမဖြစ်ပွားခင်တစ်ပတ်အလိုတုန်းက စိတ်မကျဆေးတွေ (Antidepressants) တွေသောက်ပေးဖို့ အတွက် အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ညွှန်ကြားထားတာကိုလည်း တွေ့ ရှိခဲ့ရပါတယ်။

“ Marta ဟာ သမီး Marta ရဲ့မေးရိုးအောက်က အကြိတ်ကို ကင်ဆာလို့ ကိုယ့်ဘာသာကိုယ်ထင်နေပြီး အထိတ်တလန့် ဖြစ်နေခဲ့ပါတယ်။ ကလေးတွေကိုသတ်ပြီး၊ သူမကိုယ်ကိုသတ်သေမယ်လို့ လည်း သူ စပြော ပြောလာတယ်။ ကျွန်တော်တို့ တစ်မိသားစုလုံး တံတားပေါ်က ခုန်ချဖို့ လည်း ပြောလာတယ်။ ကျွန်တော် သူ့ ကို ကြိုးစားနှစ်သိမ့်အားပေးခဲ့ပါသေးတယ် ” လို့  Mr Galikowski က တရားရုံးမှာထွက်ဆိုခဲ့ပါတယ်။

ဒါပေမယ့် ဆေးစစ်ဆေးမှုတွေအရ Maja ရဲ့ မေးရိုးအောက်က အကြိတ်ဖုဟာ ကင်ဆာအန္တရာယ်မရှိတဲ့ အရည်ကြည်ဖုတာ ဖြစ်ကြောင်း တွေ့ ရှိခဲ့ရပါတယ်။




( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail
Ref: Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment