Powered by Blogger.

ကမ္ဘာ့အကျော်ကြားဆုံး မူးယစ်ဆေးဝါးဘုရင် El Chapo ကပါ ISIS ကို ခြိမ်းခြောက်စစ်ကြေငြာ




ကမ္ဘာပေါ်မှာ အလိုရှိဆုံးစာရင်းဝင်၊ မူးယစ်ရာဇာတစ်ဦးဖြစ်တဲ့ El Chapo က အစ္စလာမ်မစ်ပြည်ထောင်စု အဖွဲ့  (ISIS) ကို ခြိမ်းခြောက်စာနဲ့ အတူ စစ်ကြေငြာလိုက်ပြီလို့ သိရပါတယ်။

မူးယစ်ဘုရင် El Chapo Guzman ရဲ့ Sinaloa Cartel အဖွဲ့ သဘောင်္ပို့ ကုန်တွေကို ISIS တို့ ဖျက်ဆီးလိုက်ပြီးနောက်မှာ El Chapo ဟာ  ISIS ခေါင်းဆောင် Abu Bakr Al Baghdadi ဆီကို ၀ှက်စာအီးမေးလ် တစ်စောင် ပို့ ခဲ့တယ်လို့ သိရပါတယ်။
Cartelblog.com ကနေတဆင့် ပေါက်ကြားခဲ့တဲ့ အဆိုပါအီးမေးလ်မှာ ISIS တို့ အနေနဲ့ ၎င်းတို့ ရဲ့ လုပ်ငန်းမှာ ဆက်ဝင်ရောက်နှောင့်ယှက်နေပါက သူ့ ရဲ့လူတွေဟာ အကြမ်းဖက်အဖွဲ့ ကို ချေမှုန်းပစ်သွားမှာ ဖြစ်တယ်လို့   El Chapo က ခြိမ်းခြောက်ထားပါတယ်။

မက္ကဆီကန်ရဲ့မူးယစ်ဆေးလောကကိုချုပ်ကိုင်ထားပြီး၊ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Sinaloa Cartel အသင်းအဖွဲ့ ကို ဦးဆောင်နေသူ El Chapo ဟာ ISIS ခေါင်းဆောင် Al Baghdadi ရဲ့ အဖွဲ့ ဟာ စစ်သား တွေ မဟုတ်ဘဲ အောက်တန်းကျ၊သူရဲဘောကြောင်တဲ့ကောင်တွေသာ ဖြစ်တယ်လို့ ပြောကြားခဲ့တယ်လို့  သိရပါတယ်။

“ ငါ့လူတွေက မင်းတို့ ကို ချေမှုန်းပစ်သွားမယ်။  ကမ္ဘာကြီးက မင်းတို့ အကြမ်းဖက်ထိန်းချုပ်စရာ မဟုတ်ဘူး။ Sinaloa Cartel အဖွဲ့ ရဲ့ လုပ်ငန်းတွေကို ကဖျက်ကယက်လုပ်ဖို့ ကြိုးစားတဲ့ မိန်းမပျက်သားတွေအတွက် ငါ သိပ်သနားမိတယ်။ သူတို့ ရဲ့ လျှာကိုဖြတ်၊ နှလုံးကို အစိမ်းလိုက်ထုတ်ပစ်သွားမယ်” လို့ El Chapo က ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

‘ ဂျပု’ လို့ နာမည်ပြောင်ခေါ်တဲ့ El Chapo ဟာ ဂျူလိုင်လတုန်းက၊ မက္ကဆီကိုရဲ့ လုံခြုံမှုအတင်းကျပ်ဆုံး Altiplano ထောင်ကနေ လွတ်မြောက်သွားခဲ့ပြီးနောက် ရဲတွေလက်က ရှောင်နေခဲ့တာ ကြာပြီဖြစ်ပါတယ်။
El Chapo ဟာ တစ်ချိန်က ကမ္ဘာ့ ၁၁၄၀ ဦးမြောက် အချမ်းသာဆုံးသူဖြစ်ပြီး၊ ကမ္ဘာပေါ်မှာ သြဇာအရှိဆုံးသူ စာရင်းမှာလည်း နံပတ် ၅၅ နေရာမှာရှိခဲ့သူဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail

Ref: Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment