Powered by Blogger.

ပေါင်ဆယ်ဘီလီယံ တန်ဖိုးရှိ ကျည်ဆန်ရထားပြေးဆွဲမယ့် အစီအစဉ်တွေကို ထုတ်ပြန်လိုက်တဲ့ အိန္ဒိယ


ဗြိတိန်နိုင်ငံကနေ အကူအဘီပေးခဲ့တဲ့ ကျည်ဆန်ရထားတွေကို လက်ရှိရထားတွေနေရာမှာ အစားထိုးမယ့်အစီအစဉ်ကို  အိန္ဒိယအစိုးရက ထုတ်ပြန်လိုက်ပါတယ်။ အခုအစီအစဉ်ဟာ ပေါင်ဆယ်ဘီလီယံတန်ဖိုးရှိပြီး တစ်နာရီကို မိုင်နှစ်ရာနှုန်းနဲ့ ပြေးဆွဲနိုင်မယ့် ‘Shinkansen’ အမည်ရ ကျည်ဆန်ရထားတွေကို  ဂျပန်နိုင်ငံကနေ ဝယ်ယူထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ 

အိန္ဒိယကတော့ ဒီကျည်ဆန်ရထားတွေ ပြေးဆွဲနိုင်ဖို့ ၃၂၅ မိုင် ရှည်တဲ့ မီးရထားလမ်းသစ်တွေကို တည်ဆောက်ထားပြီးဖြစ်ပြီး နိုင်ငံရဲ့ အနောက်ကမ်းရိုးတန်း မြို့တော် မွမ်ဘိုင်းကနေ နိုင်ငံရဲ့ မြောက်ဘက် အမက်ဘဒဒ်မြို့အထိ ပြေးဆွဲသွားမှာဖြစ်ပါတယ်။ ဒီခရီးဟာ ရိုးရိုးရထားတွေနဲ့ဆိုရင်တော့ ရှစ်နာရီကြာမြင့်မှာဖြစ်ပေမယ့်လည်း အခုလိုကျည်ဆန်ရထားပြေးဆွဲမယ်ဆိုရင်တော့ နှစ်နာ၇ီသာ ကြာမြင့်တော့မှာလည်းဖြစ်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် Modi ကတော့ ဂျပန်ဆီကနေ ကျည်ဆန်ရထားတွေ ဝယ်ယူလိုက်တယ်ဆိုတဲ့ သတင်းကို အတည်ပြုခဲ့ပြီး နိုင်ငံအတွက် အလွန်အကျိုးရှိစေလိမ့်မယ်လို့ ပြောပါတယ်။ ဗြိတိန်ဟာ အိန္ဒိယအတွက် ပေါင်သန်း ၃၀၀ ကျော် ကနသီးက ထောက်ပံ့ထားခဲ့တာဖြစ်ပေမယ့်လည်း အိန္ဒိယရဲ့ လမ်းပန်းဆက်သွယ်ရေးဟာ ခေတ်နောက်ကျကျန်ခဲ့ပြီဖြစ်တာကြောင့် အခုလိုမျိုး ထပ်မံထောက်ပံ့ခဲ့တာဖြစ်ပါတယ်။

အိန္ဒိယရဲ့ အရေးပါဆုံးနေရာနှစ်ခုကို ဆက်သွယ်ပေးနိုင်မယ့် ဒီရထားလမ်းဟာ ဗြိတိန်နိုင်ငံရဲ့ အကြီးမားဆုံး ထောက်ပံ့မှုဖြစ်ခဲ့ပြီးတော့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်လာမှာဖြစ်တယ်လို့ သိရပါတယ်။ ရထားတွေဟာ ခေတ်မမီတော့တာကြောင့် အိန္ဒိယရထားတွေကို အဆင့်မီပြန်ဖြစ်လာအောင် နိုင်ငံတကာက ကူညီပေးလျက်ရှိတာ ဖြစ်ပါတယ်။




(Paing A K)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment