Powered by Blogger.

ၾသစေၾတးလ် နိုင်ငံမှာ အရက်နာကျသူများအတွက် အထူးဆေးခန်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်




ပွဲတော်များ ကျင်းပချိန် ရောက်လာတာနဲ့အညီ သြစတြေးလျ နိုင်ငံမှာ ပထမဆုံး အရက်နာကျသူများအတွက် အထူးဆေးခန်းကို ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

တစ်ညလုံး လွန်ကဲစွာ အရက်သောက်သုံးထားမှုကြောင့် အိပ်ယာနိုးတဲ့အခါမှာ ခေါင်းထဲ ကြီးမားတဲ့အရာတစ်ခုခု ရောက်နေတယ်လို့ ခံစားရတဲ့ သြဇီလူမျိုးတွေဟာ ဒီလိုအရက်နာကျမှု မျိုးကို ကြုံတာနဲ့ ဆစ်ဒနေ မြို့မှာ ရှိတဲ့ ထိုဆေးခန်းကို သွားရောက်ပြီး နာရီဝက်အတွင်း ပျောက်ကင်းအောင် ကုသနိုင်မှာ ဖြစ်ပါတယ်။

တစ်ညလုံးအရက်သောက်ထားတာ သိပ်အကုန်အကျမများခဲ့ဘူးဆိုရင်တောင် လက်ရှိ အရက်နာကျနေမှုကို သက်သာ ပျောက်ကင်းစေဖို့အတွက် အရက်ဖိုး ထက်တော့ အကုန်အကျခံရပါလိမ့်မယ်။ IV Drip နဲ့ ဗီတာမင် ကော့တေးလ် တွေကို သြစတြေးလျဒေါ်လာ ၁၄၀ ကျသင့်မှာဖြစ်ပြီး ရေဓါတ်ဖြည့်တင်းပေးခြင်း ၊ အောက်စီဂျင် ကုသနည်းနဲ့ ဗီတာမင် ထောက်ပံ့ခြင်းတို့အားလုံးပါဝင်တဲ့ ၁ နာရီကြာကုသမှု အတွက်တော့ သြစတြေးလျဒေါ်လာ ၂၀၀ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

"လူတွေပြောတာငါကြားဖူးတယ်။ သောက်နေကြအတိုင်းမသောက်နိုင်ဘူး။ ဖြစ်နေကြအတိုင်းပြန်မသက်သာနိုင်ဘူး" လို့ဆေးခန်းပိုင်ရှင် Max Petro က ဆိုပါတယ်။ ဝေဖန်သူတွေကတော့ အရက်နာကျတယ်ဆိုတာ နောက်တစ်ခါ အရက်သောက်ချင်စိတ်မဖြစ်အောင် အသိပေးရာရောက်နေတာကို အခုလိုဆေးကုသမှုနဲ့ အရက်နာကျတာကို သက်သာစေတဲ့အတွက် အရက်သောက်ခြင်းကို အားပေးနေသလိုဖြစ်နေတယ်လို့ ဝေဖန်ကြပါတယ်။

"ကျွန်တော်တို့ အရက်သေစာ မရောင်းပါဘူး" လို့ မစ္စတာ Petro က ပြန်လည်ချေပပြောဆိုခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment