Powered by Blogger.

ISIS ဂျီဟတ် ၅ ယောက်ကို ကျည်ဆံ ၃ တောင့်ထဲနဲ့ ပစ်သတ်ခဲ့တဲ့ ဗြိတိန် စနိုက်ပါသမား




ဗြိတိန် အထူးလေတပ် (SAS) မှ စနိုက်ပါ တပ်သားတစ်ဦးဟာ အသေခံ ဗုံးဖောက်ခွဲမှု ပြုလုပ်ဖို့ စီစဉ်နေတဲ့ ISIS ဂျီဟတ် ၅ ယောက်ကို ကျည်ဆံ ၃ တောင့်ထဲနဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

ထို စနိုက်ပါ တပ်သားဟာ အီရတ်မှာရှိတဲ့ ISIS အဖွဲ့ရဲ့ အခြေစိုက်စခန်းတစ်ခုဖြစ်တဲ့ Mosul အနီးမှာရှိတဲ့ ဗုံးထုတ်လုပ်ရေးစက်ရုံအတွင်းက ထွက်လာတဲ့ အစွန်းရောက်တပ်သား ၃ ယောက်ကို မီတာ ၈၀၀ အကွာအဝေးကနေ ကျည်ဆံ ၃ တောင့်တည်းနဲ့ ရှင်းလင်းသုတ်သင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထို သေဆုံးသွားတဲ့ အစွန်းရောက်တပ်သား ၃ ဦးဟာ ပူပြင်းတဲ့ ရာသီဥတုအတွင်း အနွေးထည်အကြီးကြီးတွေ ၀တ်ဆင်ထားတာကို တွေ့ရတဲ့အတွက် သူတို့ဟာ ဖောက်ခွဲရေးဝတ်စုံကို ၀တ်ဆင်ထားတဲ့ လက္ခဏာ မျိုး ဖြစ်နေတယ်လို့ မှတ်ယူပြီး ပစ်ခတ်ခဲ့တာပါ။

ပထမဆုံးသူဟာ ဂျီဟတ်တစ်ယောက်ရဲ့ ရင်ဘတ်မှာ ချိတ်ဆွဲထားတဲ့ ဗုံးကို ပစ်ခတ်လိုက်တဲ့အတွက် ထို ဂျီဟတ်နဲ့ အခြား ISIS အစောင့်တပ်သား ၂ယောက်တို့ ကိုပါသေဆုံးစေခဲ့ပါတယ်။ ဒုတိယ ကျည်ဆံကိုတော့ နောက်ထပ် ဂျီဟတ် ၁ ယောက်ရဲ့ ခေါင်းတည့်တည့်ကို ပစ်ခတ်နိုင်ခဲ့ပါတယ်။ တတိယတစ်ယောက်ကိုတော့ ထိချက်မှန်မှန် ပစ်ခတ်နိုင်ခဲ့ပေမယ့် အသက်ပြင်းတဲ့ ဂျီဟတ် တပ်သားဟာ ဗုံးစက်ရုံထဲ ပြေးဝင်တိမ်းရှောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဗြိတိန် စစ်တပ်ရဲ့ စနိုက်ပါ သမားတွေ ISIS တိုက်ခိုက်မှုကို အထူးပါဝင်လာတာ ပထမဆုံးအကြိမ်တော့ မဟုတ်တော့ပါဘူး။ သြဂုတ်လတုန်းကလည်း ဗြိတိန် စနိုက်ပါသမားတစ်ယောက်ဟာ ISIS အဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ အမျိုးသားတစ်ဦးနဲ့ ၈ နှစ်အရွယ် ကလေးငယ်တို့ကို ကယ်တင်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း စနိုက်ပါသမား ဟာ ထို ဖမ်းဆီးခံထားရတဲ့ သားအဖ ကို ကွပ်မျက်မယ့် အစွန်းရောက်ကို မီတာ ၁၀၀၀ အကွာကနေ ခေါင်းတည့်တည့်ကို ချိန်ရွယ်ပစ်ခတ်ခဲ့တာဖြစ်ပြီး အခြား အစွန်းရောက် ၃ ယောက်ကိုလည်း ချက်ချင်းဆိုသလို ပစ်ခတ်ခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment