Powered by Blogger.

အမျိုးသမီး အခွင့်အရေးတောင်းဆိုသူတွေ ဆီသို့ ကိုယ်လုံးတီးနဲ့ ပြေးဝင်သွားခဲ့တဲ့ အရက်မူးသမား




အရက်မူးသမား တစ်ခုဟာ ၈ နာရီကြာ အရက်ထိုင်သောက်ပြီးတဲ့နောက်မှာ အမျိုးသမီး အခွင့်အရေးတောင်းဆို ဆန္ဒပြသူ အမျိုးသမီးတွေ ဆီသို့ ကိုယ်လုံးတီးနဲ့ ပြေးဝင်သွားခဲ့တဲ့အမှု ကို တရားရုံးမှာ ကြားနာခဲ့ပါတယ်။

ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူဟောင်းတစ်ယောက်ဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် Peter Barker ဆိုသူဟာ Nottingham မြို့ရဲ့ ဈေးဟောင်း ပန်းခြံနားမှာ အ၀တ်အစားတွေချွတ်ပြီး ပန်းခြံထဲမှာ လူစုဝေးနေတဲ့ ဆန္ဒထုတ်ဖော်သူအမျိုးသမီးတွေ ဆီကို ပြေးမသွားခင်တုန်းကလည်း မင်္ဂလာဆောင်ထားတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ လူပျိုည (Bachelor Night) ပါတီပွဲမှာ အရက် ၉ ခွက်လောက်သောက်ခဲ့တယ်လို့ သိရပါတယ်။

ထို ဆန္ဒထုတ်ဖော်နေသူအမျိုးသမီးတွေက Reclaim The Night rally ဆိုတဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး သတိပေး ဆန္ဒထုတ်ဖော်မှုအတွက် ထိုပန်းခြံအတွင်းမှာ စုဝေးနေကြတယ်ဆိုတာကို Peter Barker တစ်ယောက် သိပုံမပေါ်ပါဘူး။ ထို အဖြစ်အပျက်ဟာ အောက်တိုဘာ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုပန်းခြံထဲမှာတော့ အမျိုးသမီးနဲ့ ကလေးငယ် အယောက် ၁၀၀ လောက်ရှိနေခဲ့တယ်လို့ သိရပါတယ်။

လုံခြုံရေး ကင်မရာထဲမှာတော့ Beeston မြို့သား Barker ဟာ ပန်းခြံနားမှာ အ၀တ်အစားတွေချွတ်ကာ သူ့သူငယ်ချင်းလက်ထဲကို ထည့်ပေးပြီး ကိုယ်လုံးတီးနဲ့ ဆန္ဒထုတ်ဖော်သူတွေဆီကို ပြေးသွားတာတွေ့ရပါတယ်။ သူကတော့ ပြီးခဲ့တဲ့တစ်ခေါက် တရားရုံးမှာ ကြားနာစဉ်က ပြည်သူလူထုကို စိတ်အနှောင့်အယှက်ဖြစ်စေမှုကို ကျူးလွန်ခဲ့တယ်လို့ ၀န်ခံထားပါတယ်။

တရားရုံးကို အမှုကြားနာဖို့ လာရောက်ခဲ့တဲ့ Peter Barker ဟာ သူ့ရဲ့ မျက်နှာကို ဖော်ပြခဲ့ခြင်းမရှိပဲ ဖုံးအုပ်ထားတာကိုတွေ့ရပါတယ်။ တရားရုံးက သူ့ကို လုပ်အားခမရတဲ့ နာရီ ၈၀ စာ အလုပ်ချိန်တစ်ခု ၊ ရာဇ၀တ်မှု ဆိုင်ရာ ကြားနာစစ်ဆေးမှုအတွက် စတာလင်ပေါင် ၁၈၀ ၊ တရားလို နစ်နာကြေး စတာလင်ပေါင် ၆၀ နဲ့ ၈၅ ပေါင်တို့ကို အသီးသီး ပေးလျော်စေခဲ့တယ်လို့ သိရပါတယ်။


( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment