Powered by Blogger.

ကမ္ဘာ့အကွေးကောက်နိုင်ဆုံးအမျိုးသမီး ရဲ့ အံ့အားသင့်ဖွယ် ပြက္ကဒိန် ဓါတ်ပုံများ




ကမ္ဘာ့အကွေးကောက်နိုင်ဆုံး အမျိုးသမီးဟာ ၂၀၁၆ ခုနှစ် ပြက္ကဒိန်အတွက် အံ့အားသင့်စရာ ဓါတ်ပုံတွေကို ရိုက်ကူးခဲ့ပါတယ်။

ရုရှားနိုင်ငံမှာ မွေးဖွားခဲ့တဲ့ အားကစားခန်းမ လေ့ကျင့်ရေးဆရာမ တစ်ယောက်ဖြစ်တဲ့ Zlata ဟာ အ၀တ်အစားအမျိုးမျိုးကို ပြောင်းလဲ ၀တ်ဆင်ပြီး သူမရဲ့ ခန္ဓာကိုယ် ကို စိတ်ဝင်စားစရာ ကွေးကောက်ပြခဲ့ပြန်ပါတယ်။

အသက် ၂၉ နှစ်သာရှိသေးတဲ့ Zlata ဟာ အခုလို ပုံစံ အမျိုးမျိုးနဲ့ ကွေးကောက်ပြခဲ့တာဟာ လုပ်နေကြ စီးပွားရေး လုပ်ငန်း တစ်ခုအနေနဲ့ သာ မကခဲ့ပဲ သူမရဲ့ မကြာသေးခင်က ဆုံးဖြတ်ချက်ချခဲ့တဲ့ အိမ်ထောင်ရေး ကွာရှင်းမှုအတွက် လိုအပ်တဲ့ ငွေကြေးကိုလည်း အထောက်အပံ့ရခဲ့တယ်လို့ သိရပါတယ်။

သူမရဲ့ ခန္ဓာကိုယ်ကို ကွေးကောက်နိုင်စွမ်းနဲ့ ပတ်သက်ပြီး သူမ ၄ နှစ်သမီး အရွယ်မှာကတည်းက သိရှိခဲ့ကာ ဆပ်ကပ်ကျောင်းတစ်ခုမှာ ခန္ဓာကိုယ်ကွေးကောက် အလှပြတဲ့ ကျွမ်းဘား အလှမယ် အဖြစ် လေ့ကျင့်သင်ယူခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ သူမဟာ သူမရဲ့ ခြေထောက်တွေကိုပဲ အသုံးပြုပြီး တစ်မိနစ်အတွင်း ဘီယာ ပုလင်း အများဆုံးကို အဖုံးဖွင့်နိုင်သူအဖြစ် ဂင်းနစ် စံချိန် တင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းကလည်း သူမဟာ သူမရဲ့ ကျောကုန်းကို အသုံးပြုပြီး ဘောလုံး ၃ လုံး ကို အမြန်ဆုံး ဖောက်ခွဲနိုင်သူအဖြစ် ဂင်းနစ် စံချိန် တင်ခဲ့ပြန်ပါတယ်။ သူမ ဟာ ထိုစံချိန်တင်နိုင်ဖို့ အချိန် ၁၂ စက္ကန့်သာ လိုအပ်ခဲ့ပါတယ်။

အခု ၂၀၁၆ ခုနှစ်အတွက် သူမ ဓါတ်ပုံရိုက်ထားတဲ့ ပြက္ကဒိန်ကိုတော့ "ကွေးကောက်မှုတွင်ပုံဖော်ထားသောအလှတရား" လို့ အမည်ပေးထားပါတယ်။






( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment