Powered by Blogger.

လေကာမှန်ကတဆင့် သတ္တုချောင်းကြီးဖောက်ဝင်ခဲ့တာကို ရှောင်ပြီး သေတွင်းကလွတ်လာတဲ့ ယာဉ်မောင်း



BMW SUV ကားရဲ့ လေကာမှန်ကတဆင့် သတ္တုချောင်းကြီး ဖောက်ဝင်ခဲ့တာကို ရှောင်နိုင်ခဲ့တဲ့ ယာဉ်မောင်းဟာ ကံကောင်းစွာပဲ အသက်ချမ်းသာရာရခဲ့ကြောင်း ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်း အာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတ္တုချောင်းကြီးဟာ ကုန်တင်ယာဉ်ပေါ်ကနေ ပြုတ်ကျခဲ့တာဖြစ်ပြီး လေကာမှန်ကိုခွဲကာ BMW ကားရဲ့ ယာဉ်မောင်းထိုင်ခုံနေရာကို ဖောက်ထွင်းကျရောက်ခဲ့တာဖြစ်တယ်လို့ San Jose Fire ဌာနမှ Capt. Christopher Salcido ကပြောခဲ့ပါတယ်။

အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့  ယာဉ်မောင်း Don Lee ဟာ သူ့ရဲ့ညာဘက်လက်မောင်းမှာ အစင်းရာနည်းနည်းထင်တာကလွဲလို့ ဘာထိခိုက်ဒဏ်ရာမှ မရခဲ့ပါဘူး။ မတော်တဆမှု ဖြစ်ပွားစဉ်မှာ ကုန်တင်ယာဉ်နဲ့ BMW နှစ်စီးလုံးဟာ တစ်နာရီ မိုင် ၆၀ နှုန်းနဲ့ပဲ မောင်းနှစ်နေခဲ့ကြတာပါ။

ကုန်တင်ယာဉ်ကိုမောင်းနှင်ခဲ့သူကတော့ အသက် ၂၂နှစ်အရွယ် Javier Zambrano ပါ။ မတော်တဆမှုကို ဆက်လက်စုံစမ်းမှုတွေပြုနေတယ်လို့ သိရပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref: AP
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment