Powered by Blogger.

ပူတင်က မသေနိုင်တဲ့လူတစ်ယောက်လေလား



အရင်တုန်းက ကျွန်တော်တို့တွေ Twilight ကားတွေထဲက သွေးစုပ်ကောင်တွေအသက်ရှည်တာကိုကြည့်ပြီးအပြင်မှာတော့တကယ်မရှိနိုင်ဘူးလို့ယူဆခဲ့ကြတယ်၊ အခုအဲ့ဒီယူဆချက်ကမှားတယ်လို့တောင်
ဆိုရမလိုဖြစ်နေပါတယ်၊

ဒီပုံတွေက ရုရှားသမ္မတ ဗလာဒီမာပူတင် ကိုမသေနိုင်တဲ့လူတစ်ယောက်လေလားလို့ထင်ရအောင် မေးခွန်းထုတ်စေခဲ့ပါတယ်၊ အဲ့လိုလဲတွေးချင်ရင်တွေးချင်စရာပါပဲ၊ တချို့လူတွေကတောင် သူဟာဒဏ္ဍာရီ
ထဲက Dracular လို့ခေါ်တဲ့ သွေးစုပ်ဖုတ်ကောင်တစ်ယောက်လို့တောင်ထင်နေကြပါတယ်၊

ပထမဆုံးပုံက လွန်ခဲ့တဲ့နှစ်တစ်ရာလောက်ကရိုက်ထားတဲ့ စစ်သားတစ်ယောက်ရဲ့ပုံဖြစ်ပြီးသူက ရုရှားသမ္မတနဲ့အရမ်းတူညီနေတာပါ၊


ဒုတိယပုံကတော့ ၁၉၄၁ခုနှစ်လောက်ကရိုက်ထားတဲ့ပုံဖြစ်ပြီး ရုရှားလေတပ်ကစစ်သားတစ်ယောက်ဟာ ဒီအသက်၆၃နှစ်အရွယ်ရှိ ဂျူဒိုခရေဇီသမ္မတနဲ့သဘာဝလွန်ဖြစ်နေတယ်ထင်ရလောက်အောင်တူညီ
နေတာပါ၊


တချို့ကတော့ ပူတင်ဟာ အသက်ရာချီထောင်ချီရှိနေတဲ့ ဒရက်ကူလာတစ်ကောင်လို့ ထင်နေပါတယ်၊

၁၉၅၂ခုနှစ်ဖွားအသက် ၆၃နှစ်အရွယ် ပူတင်ဟာ ၂၀၁၂ခုနှစ်တုန်းက ရုရှားသမ္မတရာထူးကိုရယူခဲ့ပြီး အဲ့ဒီမတိုင်ခင်ကလည်း ၁၉၉၆ ခုနှစ်ကနေ ၂၀၀၀ခုနှစ်အတွင်းမှာဝန်ကြီးချုပ်အဖြစ်၊ ၂၀၀၀ခုနှစ်ကနေ ၂၀၀၈ခုနှစ်ထိ သမ္မတရာထူး၊၂၀၀၈ကနေ ၂၀၁၂ခုနှစ်အတွင်း ၀န်ကြီးချုပ်ရာထူး စသည်ဖြင့် ဆက်တိုက်နေရာယူခဲ့ပါတယ်။




(Blue Lion)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref: Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment