Powered by Blogger.

ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခြင်းမှ ကာကွယ်နိုင်ဖို့ လူတွေကို အခေါင်းတွေထဲ ထည့်ထားတဲ့ လှုပ်ရှားမှုလုပ်




တောင်ကိုရီးယားရှိ ပြန်လည်ထူထောင်ရေးစင်တာတစ်ခုမှာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခြင်းမှ ကာကွယ်နိုင်ဖို့အတွက် လူတွေကို သူတို့ရဲ့ဈာပနအခမ်းနားမှာ ဘယ်လိုရှိမယ် ခံစားရမယ်ဆိုတာကို သိစေနိုင်ဖို့ ခေါင်းတလားတွေထဲမှာ အချိန်အကန့်သတ်နဲ့ ပိတ်ထားကြတာဖြစ်ပါတယ်။

ဈာပနခန်းနား စီစဉ်သူ Jeong Yong-Mum ဆိုသူက စိတ်ကျရောဂါခံစားနေရသူ၊ အဆုံးစီရင်ဖို့ စဉ်းစားနေသူတွေကို သေဆုံးတဲ့အခါ ဘယ်လိုပုံစံဖြစ်မယ်ဆိုတာကို ၀တ်စုံဝတ်ဆင်စေကာ ဓါတ်ပုံရိုက်ထားပြီး ချစ်ရသူတွေဆီကို နောက်ဆုံးအနေနဲ့ စာရေးသားစေပြီး ခေါင်းတလားတွင်း ၀င်ရောက်လှဲလျောင်းစေတာဖြစ်ပါတယ်။

ပါဝင်လုပ်ဆောင်သူတွေကတော့ ခေါင်းတလားထဲမှာ ၁၀ မိနစ် လှဲလျောင်းနေကြရတာဖြစ်ပါတယ်။

ဒီအတွေ့အကြုံဟာ ဘ၀ကို ပိုပြီးတန်ဖိုးထားတတ်လာဖို့ ရည်ရွယ်ပေမယ့် ဒီလှုပ်ရှားမှုကို ဒီနှစ်အစောပိုင်းက ဓါတ်ပုံရိုက်ကူးပေးတဲ့ ပြင်သစ်နိုင်ငံသား Francoise Huguier ကတော့ နိုင်ငံအတွင်း အဆုံးစီရင်မှုတွေ လျော့နည်းသွားမယ်ဆိုတဲ့ ယူဆချက်အပေါ် သံသယရှိတယ်လို့ဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment