Powered by Blogger.
သန့် ရှင်းတဲ့လေအတွက်ပါ ကျသင့်ငွေကောက်ခံနေတဲ့ တရုတ်နိုင်ငံက စားသောက်ဆိုင်
တရုတ်နိုင်ငံဟာ လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာကျော်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အခုအခါမှာတော့ ဘေဂျင်းမြို့  လေထုဟာ အလွန်ညစ်ညမ်းတဲ့အဆင့်ကို ရောက်ရှိနေတာကြောင့် စားသောက်ဆိုင်တစ်ဆိုင်ဟာ စားသုံးသူ ဖောက်သည်တွေကို ‘ လေသန့် စင်ခ’ ပါ စတင်ကောက်ခံလျက်ရှိပါတယ်။
အဆိုပါစားသောက်ခဲ့တဲ့စားသုံးသူတွေဟာ စားသောက်ပြီးနောက်၊ ဘေလ်ရောက်တဲ့အခါမှ ဒီ လေသန့် စင်ခ ကို တွေ့ ရတာဖြစ်တယ်လို့ ဆိုပါတယ်။ စားသောက်ဆိုင်ဟာ စားသောက်သူတစ်ယောက်ကို တစ်ယွမ်ငွေ နှုန်း နဲ့  ကျသင့်ငွေစာရင်းထဲ အလိုအလျောက်ပေါင်းထည့်ကောက်ခံလျက်ရှိပါတယ်။
ဒီအဖြစ်အပျက်အတွက် စားသောက်သူတွေဟာ ဒေသတွင်းအစိုးရကို တိုင်ကြားချက်တွေ ပေးပို့ ခဲ့ပြီး အစိုးရက ဒီတရားမ၀င်ကောက်ခံမှုကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။
ဒါပေမယ့် တရုတ်ဆိုရှယ်မီဒီယာက user တွေကတော့ အခုလို ကောက်ခံမှုကို လိုလားနေကြပြီး သူတို့ သာ အသက်ကောင်းကောင်းရှူလို့ ရမယ်ဆိုရင် တစ်ယွမ်လောက်ကို ပျော်ပျော်ကြီးပေးသွားမှာဖြစ်တယ်လို့  ပြောဆိုရေးသားနေကြပါတယ်။
Twitter ပုံစံမျိုး တရုတ်ဝက်ဘ်ဆိုဒ် Weibo မှာလည်း user တစ်ဦးက အခိုလိုရေးသားခဲ့ပါတယ်။
“ အပိုကောက်ချင်ရင် ဟင်းပွဲတန်ဖိုးမှာ အပိုတစ်ယွမ်လောက် ပေါင်းထည့်လိုက်မှာပေါ့။ ဒါပေမယ့် သူတို့ အဲလို မလုပ်ပါဘူး။ အခုလို လေသန့် စင်ခအပိုကောက်ခံတာက မမှားပါဘူး။ ကိုယ်စားသောက်ရတဲ့ပတ်ဝန်းကျင် အခြေအနေအပေါ်မူတည်ပြီး ဈေးစကားပြောပါတယ်”
( Ye Wint )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref: Metro
Share on Google Plus
About Staff Writer
သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment
0 comments:
Post a Comment