Powered by Blogger.

ဈေးဝယ်သူတစ်ယောက် ခြေမ ပြတ်ခဲ့မှု ကြောင့် ရှော့ပင်းစင်တာ ဒဏ်ငွေဆောင်ခဲ့ရ




ရှော့ပင်းစင်တာ တစ်ခုကို ဈေးလာဝယ်တဲ့အမျိုးသားတစ်ဦးဟာ ရှော့ပင်းစင်တာရဲ့  စက်လှေကားအတွင်း ခြေထောက်ညပ်ခဲ့ရာကနေ ခြေမ ဖြတ်လိုက်ရတဲ့အတွက် ရှော့ပင်းစင်တာဟာ ဒဏ်ငွေ စတာလင်ပေါင် ၇၅၀၀၀ ပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၂၇ နှစ်အရွယ် Michael Reddington ဟာ နော့တင်ဟမ် မြို့  ရဲ့  အနောက်ဘက်က West End Arcade ရှော့ပင်းစင်တာ မှာ မိုဘိုင်းလ် ဖုန်းလာရောက် ၀ယ်ယူစဉ် စက်လှေကား ရဲ့  လှေကားထစ်မှာ နေရာမှားပြီး ခြေထောက်ချခဲ့မိပါတယ်။

စက်လှေကားက ထိပ်ဆုံးကို ရောက်သွားတဲ့အခါမှာတော့ သူ့ရဲ့ ခြေထောက်ဟာ လှေကားထစ်နဲ့ ပလက်ဖောင်းကြားမှာ ညပ်မိပြီး သွေးတွေပန်းထွက်လာခဲ့ပါတယ်။ စက်လှေကား ကတော့ မိနစ်အနည်းငယ်ခန့် ဆက်လက် လည်ပတ်နေခဲ့တဲ့အတွက် သူ့ရဲ့  ခြေမ ပြတ်ထွက်သွားခဲ့ပြီး အခြားခြေချောင်းတွေကိုလည်း ထိခိုက် ဒဏ်ရာ ရသွားစေခဲ့ပါတယ်။

ရှော့ပင်းစင်တာ ရဲ့  စီမံခန့်ခွဲမှု အေးဂျင့် ကုမ္မဏီ ဖြစ်တဲ့ Hodgson Elkington LLP အဖွဲ့  ဟာလည်း စတာလင်ပေါင် ၇ သောင်းခွဲတိတိ ဒဏ်ငွေရိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ တရားရုံးမှာ ကြားနာခဲ့တာကတော့ ထို စက်လှေကားဟာ ၂၀၁၀ ခုနှစ်က စတင်ပြီး ထိုအဖြစ်အပျက် ဖြစ်ပွားခဲ့တဲ့ ၂၀၁၂ ခုနှစ် မတ်လ အထိ စစ်ဆေးခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

Michael Reddignton ကတော့ ၄ နှစ်နီးပါးနာကျင်မှု ကိုခံခဲ့ရပြီး လမ်းပြန်လျှောက်နိုင်ဖို့လည်း အတော်လေး လေ့ကျင့်ယူခဲ့ရပါတယ်။ သူဟာ အလုပ်လည်း ထွက်ခဲ့ရပြီး လက်ရှိမှာတော့ လျှပ်စစ်ကျွမ်းကျင်ပညာရှင် တစ်ယောက် အဖြစ်ဆက်လက် ရပ်တည်နေတယ်လို့ သိရပါတယ်။

"၂၀၁၂ ခုနှစ် မတ်လတုန်းက အဲဒီနေ့ဟာ ငါနဲ့ တစ်သက်လုံး တူတူရှိနေမှာပါ။ ဒါဟာ သရဲကားထဲက ထွက်လာတဲ့ တစ်ခုခုနဲ့ တူပါတယ်။ ဘာတွေဖြစ်ခဲ့လဲဆိုတာ မှတ်မိနိုင်ဖို့လည်း ငါ့အတွက် အချိန်တော်တော်ယူခဲ့ရပြီး အဲဒီနေ့ကို ငါပြန်မြင်ယောင်နေတုန်းပါပဲ" လို့ Michael က ဆိုပါတယ်။

Hodgson Elkington LLP ကုမ္မဏီကတော့ သူတို့တာဝန်ယူထားတဲ့ ရှော့ပင်းစင်တာရဲ့  လုံခြုံရေးအတွက် စစ်ဆေးမှု လုပ်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ဒဏ်ရိုက်ခဲ့တာဖြစ်ပြီး တရားရုံးကတော့ အမိန့်ချမှတ်ဖို့ ရှည်ကြာနေခဲ့ပြီး ၂၀၁၅ ခုနှစ်မှာမှ Michael လည်း လျော်ကြေးငွေ ရခဲ့တာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment