Powered by Blogger.

ISIS အဖွဲ့ဟာ တစ်နှစ်ကို ပေါင် သန်း ၆၀၀ လောက် ၀င်ငွေရှိနေ




ISIS တို့ ဟာ တစ်နှစ်ကို ပေါင် သန်း ၆၀၀ (ဒေါ်လာ ၁ ဘီလီယံနီးပါး) လောက် ရရှိနေပြီး ၎င်းတို့ ရဲ့ အဖျက်အမှောင့်လုပ်ငန်းတွေကို နှစ်ပေါင်းများစွာ ဆက်လုပ်သွားနိုင်ဖို့  ရန်ပုံငွေ အလုံအလောက် ရှိနေတယ်လို့ စုံစမ်းလေ့လာမှုတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

အစ္စလာမ်မစ်ပြည်ထောင်စုအကြမ်းဖက်အဖွဲ့ ဟာ ဒီငွေတွေကို အဓိကအားဖြင့် ရေနံတွင်းတွေ၊ အခွန် ကောက်ခံမှုတွေနဲ့ ၊ အကြမ်းဖက်လုယူမှုတို့ ကနေ ရရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

ISIS အနေနဲ့ ဒီဝင်ငွေရဲ့ သုံးပုံနှစ်ပုံလောက်ကို စစ်အသုံးစရိတ်အတွက် ပြန်အသုံးချပြီး ကျန်ငွေတွေကိုတော့ ဆီးရီးယားနဲ့ အီရတ်တို့ မှာ ၎င်းတို့ သိမ်းယူထားတဲ့နယ်မြေတွေကို နေ့ စဉ်ထိန်းသိမ်းဖို့ အတွက် ပြန်အသုံးချလျက်ရှိပါတယ်။

ISIS တို့ ဟာ မကြာသေးမီက ဒုံးကျည်လက်နက်အသစ်တွေနဲ့ တင့်ကားတွေကို ၀ါဒဖြန့် ပုံရိပ်တွေအနေနဲ့  ပြသခဲ့ပြီးနောက်မှာ အခုလို ISIS တို့ ရဲ့ ဘဏ္ဍာရေးအပေါ်ထဲထဲဝင်ဝင်စုံစမ်းစစ်ဆေးမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

Financial Times သတင်းစာက ပြုလုပ်ခဲ့တဲ့ အဆိုပါ လေ့လာမှုအရ ဒီဝင်ငွေပမာဏနဲ့ ဆိုရင် ISIS တို့ ဟာ အကြမ်းဖက်လုပ်ရပ်တွေကို နောက်ထပ်သုံးနှစ်လောက် ဆက်လှုပ်ရှားလုပ်ဆောင်သွားနိုင်ဦးမှာဖြစ်တယ်လို့  ဆိုပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment