Powered by Blogger.

သေးပေါက်ရင် ကိုယ့်ဆီပြန်စင်လာမယ့်နံရံသုတ်ဆေး





လူ့ သေးလောက် နေရာတစ်ခုကို အကြည့်ရဆိုးစေပြီး အနံ့ မသက်မကောင်း ဖြစ်စေတာ မရှိပါဘူး။

ကျွန်တော်တို့ နိုင်ငံတင်မဟုတ်ဘဲ၊ အင်္ဂလန်နိုင်ငံက မြို့ နယ်တော်တော်များများမှာပဲ ဒီပြဿနာကို ကြုံတွေ့ နေ ရပါတယ်။ အခုအခါမှာတော့ ဂျာမနီနိုင်ငံကထုတ်လုပ်ပေးထားတဲ့ စပယ်ရှယ်သုတ်ဆေးတစ်ခုက ဒီပြဿနာကို ဖြေရှင်း ပေးနိုင်ပါတော့မယ်။ ဒီသုတ်ဆေးကို နံရံပေါ်မှာသုတ်ထားရင် နံရံပေါ် အပေါ့လာသွားသူရဲ့ ဖိနပ်ကို ကျင်ငယ်တွေ ပြန်စင်လာမှာ ဖြစ်ပါတယ်။

Hackney မြို့ တော်ကောင်စီဟာ ယခုအခါ ညပွဲလမ်းစည်ကားတဲ့နေရာတွေမှာ ဒီသုတ်ဆေးကို သုတ်ဖို့  ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ ကလပ်တွေနဲ့ ကျော်ကြားတဲ့ Shoreditch နဲ့ Dalston အရပ်က နံရံအများအပြားမှာ ခရစ်စမတ်နဲ့ နှစ်သစ်ကူးအချိန်အတွင်း သောက်စားပျော်ပါးပြီး မအောင့်နိုင်ကာ လူကြားထဲအပေါ့သွားတတ်သူတွေအတွက် အထူးသုတ်ဆေးအလွှာတစ်ထပ်ကို သုတ်သွား မှာဖြစ်ပါတယ်။

“နံရံကို သန့် စင်ခန်းအမှတ်နဲ့ အပေါ့သွားတတ်သူတွေအနေနဲ့ သူတို့ ရဲ့ ကျင်ငယ်တွေက ရှူးဖိနပ်နဲ့  ဘောင်းဘီတွေကို ပြန်စင်လာတာကို ခံစားရပါတော့မယ်။ ဒီသုတ်ဆေးက နံရံမှာ ကျင်ငယ်ရေ စိမ့်ဝင်မှုကိုလည်း တားဆီးပေးပြီး၊ အနံ့ အသက်ထွက်တာ၊ ကျင်ငယ်ရေအကွက်တွေဖြစ်တာနည်းသွားမှာပါ” လို့ ကောင်စီက ပြောကြားခဲ့ပါတယ်။

မြို့ တော်ကောင်စီဟာ နံရံတွေ၊ ပလက်ဖောင်းတွေပေါ်က ကျင်ငယ်ရည်အကွက်တွေကို ဆေးကြောဖို့  တစ်နှစ်ကို ပေါင်တစ်သိန်းလောက် အသုံးပြုနေရတယ်လို့  ဆိုပါတယ်။

ယခုလို ရေမတင်သုတ်ဆေးကို Nissan ကားကုမ္ပဏီက စတင်အသုံးပြုခဲ့တာဖြစ်ပြီး၊ ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့ က ဘူတာရုံတွေမှာလည်း ဒီဆေးကို သုတ်ထားရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment