Powered by Blogger.

ကနေဒါ နိုင်ငံ ထုတ် လေသန့်ဘူးတွေ ကို ၀ယ်ယူနေရတဲ့ တရုတ်နိုင်ငံရဲ့  အခြေအနေ





တရုတ်နိုင်ငံရဲ့  လေထုညစ်ညမ်းမှု ပမာဏ မြင့်တက်လာမှုကြောင့် ကနေဒါ နိုင်ငံ ကထုတ်လုပ်တဲ့ လေသန့်ဖြည့်စွက်ထားတဲ့ ပုလင်းတွေကို ၀ယ်ယူနေရတယ်လို့ သိရပါတယ်။

ထို လေသန့်အမှတ်တံဆိပ် Vitality Air ဟာ ကနေဒါနိုင်ငံအနောက်ပိုင်းက Edmonton ဆိုတဲ့ မြို့  မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ရောင်းချမှုကိုတော့ လွန်ခဲ့တဲ့ ၂ လကမှ တရုတ်နိုင်ငံ နဲ့ စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"ငါတို့ရဲ့  ပထမဆုံး လေသန့်ဘူး ၅၀၀ ခန့်ဟာ လေးရက်အတွင်းမှာ ရောင်းထွက်သွားပါတယ်" လို့ Vitality Air ကုမ္မဏီ ရဲ့ တွဲဖက် တည်ထောင်သူ Moses Lam က ပြောပြခဲ့ပါတယ်။ အခုလည်း ပုလင်းပေါင်း ၄၀၀၀ ကျော်ပါဝင်တဲ့ ကုန်တင် သင်္ဘောဟာ တရုတ်နိုင်ငံကို သွားရောက် နေပြီဖြစ်ပြီး ထို ပုလင်း အားလုံးနီးပါးဟာ တရုတ်နိုင်ငံ က ၀ယ်ယူပြီး အနေအထားဖြစ်နေတယ်လို့ လည်းဆိုပါတယ်။

ထို လေသန့်စင်ဘူးတွေဟာ ၇.၇ လီတာ ၀င်ဆန့်ပြီး ဘူးအတွင်းမှာ ပါဝင်တဲ့ လေသန့်တွေကတော့ Rocky တောင်တန်းတွေမှာရှိတဲ့ Banff အမျိုးသား ဥယျာဉ်အတွင်းက ရယူထားတာဖြစ်ပြီး တစ်ဘူးကို တရုတ်ယွမ် ၁၀၀ နဲ့ ရောင်းချမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဈေးကွက်မှာဆိုရင် ရေသန့်ဘူး တစ်ဘူး ဈေးနှုန်းရဲ့  အဆ ၅၀ ဈေးပိုကြီးတယ်လို့ သိရပါတယ်။

ထို လေသန့်ဘူးတွေကို ၀ယ်ယူမှု အများဆုံး Customer တွေကတော့ တရုတ်ပြည်ရဲ့  အရှေ့  မြောက်ဘက်နဲ့ တောင်ဘက် တို့မှာရှိတဲ့ မြို့ ကြီးတွေမှာ  နေထိုင်ကြတာဖြစ်ပြီး ထို မြို့ တွေရဲ့ လေထု ညစ်ညမ်းမှု အန္တရာယ်ဟာလည်း တရိပ်ရိပ် မြင့်မားလာနေတာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Telegraph
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment